11.9K 1.2K 22
Unicode
Chp:3 ဝိညာဥ်ကူးပြောင်းခြင်း-3
စုယာယာကတော့ သူ့ကို လက်ထပ်ရမည်ဆိုတဲ့
မျှော်လင့်ချက် အလားအလာ​လေးနဲ့ပင် အရမ်း
ပျော်ရွှင်နေခဲ့ပါတယ်။ ဒါကြောင့် သူမက သူ
တောင်းဆိုတဲ့ အခြေအနေအားလုံးကို ခေါင်းငြိမ့်သဘောတူခဲ့တယ်။ သူ့ရဲ့တောင်းဆိုချက်နဲ့အညီ သူမက လက်ထပ်စာချုပ်၊ ပိုင်ဆိုင်မှုခွဲဝေခြင်းစာချုပ်နဲ့ အခြားသောစာချုပ်စာတမ်းတွေကို လက်မှတ်ထိုးပေးခဲ့တယ်။
ဘိုးဘိုးချန်က မကျန်းမာဖြစ်နေဆဲ ဖြစ်နေတဲ့ အတွက်ကြောင့် သူတို့နှစ်ယောက်မှာ လက်ထပ်မင်္ဂလာဧည့်ခံပွဲ မလုပ်ခဲ့ရဘူး။ သူတို့ရဲ့ လက်ထပ်ပြီးစီးကြောင်း သက်သေခံလက်မှတ်ကိုသာ အရင်ထုတ်ယူခဲ့တယ်။ အဲ့အတွက်ကြောင့်
ချန်ရှုံချီက သူ့ရဲ့ သောင်းချီတဲ့ ဘီလီယမ်တန်
အမွေတွေကို အောင်မြင်စွာ ဆက်ခံနိုင်ခဲ့တယ်။
ဒီလောက် အမြောက်အမြား ဓနဥစ္စာတွေကို အမွေရလိုက်သူ ချန်ရှုံချီက ကြမ်းတမ်းဆိုးဝါးတဲ့လူမျိုးတော့ မဟုတ်ခဲ့ပါဘူး။ အစပိုင်းမှာ​တော့ သူက သူ့ဇနီးသည်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပါတယ်။ သူမက သူ့ကို အများကြီး ကူညီပေးခဲ့တာကိုး။
သူမရဲ့တောင်းဆိုချက်တွေက အရမ်း လွန်
မလာသ၍တော့ သူက သူမကို ကျေနပ်စေဖို့ အစွမ်းကုန် ကြိုးစားပေးနေမှာပါ။ အကယ်၍ သူမက ပိုက်ဆံတောင်းရင် သူ သူမကို ပိုက်ဆံပေးလိုက်မှာပင်။ သူမက ကားတစ်စီးတောင်းဆိုခဲ့ရင် သူက ကားတစ်စီးပေးလိုက်မှာပဲ။ သူမက အိမ်တစ်လုံးတောင်းရင် အိမ်တစ်လုံးပေးလိုက်မှာပါပဲ။ အကယ်၍ သူမက လက်ဝတ်လက်စား ရတနာတွေကို တောင်းဆိုခဲ့ရင်လည်း သူက လိုလိုလားလား လက်ဆောင်ပေးလိုက်ဦးမှာပင်။ သူ စီးပွားရေးလုပ်ငန်းအတွက် ပြည်ပခရီးသွားတဲ့အခါမှာဆိုရင်လည်း တစ်ခါတစ်ရံ သူမကို သူနဲ့တူတူ ခေါ်သွား
ပေလိမ့်မယ်။
အစတုန်းက ဒီ ပျော်ရွှင်, ချိုမြိန်,ပြီး ချမ်းသာတဲ့ဘဝက ထာဝရ ဖြစ်တည်နေလိမ့်မယ်လို့ပဲ စုယာယာ တွေးထားခဲ့တယ်။ ဒါပေမယ့် ဇာတ်ကြောင်းအလှည့်
အပြောင်းက ဖြစ်လာခဲ့ပြီ။
အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now