အခန်း(၇၇) ခင်ဗျားရဲ့တစ်ယောက်ယောက်ကို အနိုင်ကျင့်တဲ့ ပုံက သိပ်မဟုတ်သေးဘူး-3

5.3K 612 2
                                    

Unicode

အခန်း() ခင်ဗျားရဲ့တစ်ယောက်ယောက်ကို အနိုင်ကျင့်တဲ့ ပုံက သိပ်မဟုတ်သေးဘူး-3

ထိုလှပသောမိန်းမပျိုလေးဟာ စကားသံကို ကြားသော အခါ သူမ၏မျက်ဝန်းတို့ကို ဖွင့်လိုက်၏။ ထိုအစေခံ၏ မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဆေးပန်းကန်ကို အစေခံမဆီမှ လှမ်းယူလိုက်သည်။ သူက သောက်တော့မည့် အချိန်တွင့် တစ်စုံတစ်ရာထူးဆန်းသောအနံ့ကို ရသွား၏။ မျက်ခုံးတို့ကို ပါးပါးလေးတွန့်ချိုးလို့ အစေခံထံ နားလည်ရ ခက်စွာ ကြည့်သည်။ သူမက မေး၏။

"နင်က အသစ်လား? ချွင်လန်က ဘယ်မှာလဲ?"

အစေခံမကဖြေသည်။

"ဒီအစေခံက မီးဖိုဆောင်ကပါ.. အစ်မချွင်လန်က ဝမ်း ဗိုက်နာကျင်နေခြင်းကြောင့် ဒီအစေခံကို ဆေးလာပို့ပေးစေ ကြောင်းပါ"

သူမက ထိုအစေခံအား မြှားတွေနှင့် ပစ်နေသည် အလား မိန်းမပျိုလေး၏အကြည့်တို့သည် စူးရှလာတော့၏။ အကြည့်နှင့်ပင် သတ်နိုင်လျှင် ထိုအစေခံ၏ခန္ဓာကိုယ်တွင် သွေးကွက်များစွာ ဖြစ်တည်နေတော့မည်။

ထိုမိန်းမပျိုလေးက ထိုအစေခံမကို ရုတ်တရက် ပါးရိုက် ချလိုက်ရာ အစေခံမလေးသည် မြေကြီးပေါ် လဲကျသွား၏။ ထို့နောက် မိန်းမပျိုလေးသည် သူမလက်ထဲမှာ ကိုင်ထား သောဆေးပန်းကန်အား အစေခံ၏ပါးစပ်နား တေ့ပေးသည်။ အစေခံမထံ သေချင်သွားစေအောင် စိုက်ကြည့်ပြီး အေးစက် စွာ ဆိုသည်။

"အဲဒါဆိုလည်း ငါကိုယ်လုပ်တော်က နင့်ကို ဒီဆေး ပန်းကန် ချီးမြှင့်ပေးမယ်"

ငရဲမှလာသော အေးစက်စက်လေညှင်းအလား ထိုလှပ သောမိန်းမပျိုလေးသည် အကြင်နာမဲ့စွာ ထိုအစေခံမလေး၏ ပါးစပ်ကို ညစ်ပြီး ပါးစပ်ကို အတင်းအကျပ်ဖွင့်စေသည်။ သူမသည် ဂရုမစိုက်ဟန်ဖြင့် ထိုသူမရဲ့လည်ချောင်းထဲသို့ ဆေးရည်တွေကို လောင်းထည့်သည်။

ဆေးရည်ကို အကုန်လောင်းချပြီး နောက်မှာတော့ အစေခံမလေးသည် ချောင်းဆိုးမရပ်တော့။ သူမသည် ဆေးရည်တွေကို‌ ထွေးထုတ်ပစ်ချင်လှပါသည်။ လှပသော မိန်းမပျိုလေးသည် သူမကိုစိုက်ကြည့်နေပြီး သူမ၏ မျက်ဝန်းတို့မှာတော့ နွေးထွေးမှု တစ်မှုန်မျှမရှိချေ။ သူသည် လူသေတစ်ယောက်ကို ကြည့်နေအလား။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now