Extra Three

9.6K 1.6K 113
                                    

Zawgyi

Everyday Life

ဧည့်ခန်းထဲက မျက်နှာကြက်ကနေ ကြမ်းပြင်ထိ ရှည်လျားတဲ့ ပြတင်းမှန်ကြီးတွေရှေ့မှာ ယွီဖေးဟာ ရှပ်အင်္ကျီအရှည်ကြီးကို ဝတ်ဆင်ပြီး ပရော်ဖက်ရှင်နယ်နဲ့ ဆက်စပ်တဲ့ စာအုပ်တွေကို လှဲလျောင်းရင်း ဖတ်နေခဲ့တယ်။

အရင်စာသင်နှစ်က စကော်လားရှစ် မရခဲ့တာကြောင့် သူ့အနေနဲ့ ဆိုးဆိုးဝါးဝါး ခံစားခဲ့ရပြီး ဒီစာသင်နှစ်မှာတော့ အကောင်းဆုံး ကြိုးစားမယ်လို့ သူဆုံးဖြတ်ထားတယ်။

ဒုတိယထပ်က ဆင်းလာတဲ့ ကုဝေဟာ ဒီမြင်ကွင်းကို မြင်သွားတော့တယ်။

တောက်ပနေတဲ့ နေရောင်ခြည်ဟာ ပြတင်းပေါက်မှတဆင့် ခြေတံဖြူဖြူသွယ်သွယ်လေးတွေနဲ့ လူငယ်လေးရဲ့ သွယ်လျလျ ပုံရိပ်လေးပေါ်မှာ ဖြာကျနေပြီး ရမ္မက်တွေကို နှိုးဆွနေတဲ့ ဆွဲဆောင်အားပြင်းပြင်း လေထုကို ထုတ်လွှင့်နေလေတယ်။

လူငယ်လေးဟာ သူ့လက်ထဲက စာအုပ်ကို အတော်လေး အာရုံစိုက်နေပြီး ကြည့်ရတာ သူနားမလည်တဲ့နေရာ ရှိနေပုံပဲ။ မျက်မှောင်ကို အသာလေး တွန့်ချိုးကာ ခြေသလုံးလေးကို ကွေးထောင်ထားပြီး အနောက်ကဆိုဖာပေါ်မှာ အံဝင်ခွင်ကျ ထိုင်နေခဲ့တယ်။

ယွီဖေးက အတွေးထဲမှာ နစ်မျောနေတာကြောင့် အောက်ထပ်ဆင်းလာတဲ့ ကုဝေရဲ့အသံကို မကြားလိုက်မိဘူး။ သူ့လက်ကောက်ဝတ်လေးကို နွေးထွေးတဲ့ လက်ဖဝါးကြီးတစ်ဖက်က ဆုပ်ကိုင်လာမှသာ ခေါင်းကိုရုတ်ခြည်းလှည့်ကြည့်မိတယ်။

ကုဝေဟာ ဆိုဖာအနောက်ကနေ အချိန်ဘယ်လောက်ကြာအောင် သူ့ကိုရပ်ကြည့်နေခဲ့မှန်း သူမသိဘူး။

"ခင်ဗျားနိုးနေပြီပဲ!"

ယွီဖေးက ကုဝေရဲ့လက်ကို ဆွဲဖယ်လိုက်ပြီး ဆိုဖာပေါ်ကနေ ထလိုက်တယ်။

သူ့လှုပ်ရှားမှုကြောင့် ရှပ်အင်္ကျီကျယ်ကျယ်ဟာ အပေါ်ကို လိပ်တက်သွားပြီး ထထိုင်လိုက်တာတောင် အောက်ကိုပြန်မကျသွားခဲ့ဘူး။ ဒါပေမယ့် ယွီဖေးကတော့ သတိမထားမိဘဲ ဆိုဖာပေါ် ဒူးထောက်လိုက်ကာ စာအုပ်ကို လက်ကကိုင်ရင်း ကုဝေအရှေ့ကို တိုးသွားလိုက်တယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now