Chapter 13

24.4K 4K 189
                                    

Zawgyi

လှပပြီးအရသာရှိသော

ညနေခင်းမှာ ယွီဖေးက သူ့မိဘတွေဆီကနေ သူတို့ထွက်လာပြီဖြစ်ကြောင်း မက်ဆေ့ခ်ျရခဲ့တယ်။ ဒါကြောင့်သူလည်း ဒရိုင်ဘာကို ဖုန်းဆက်ပြီး သူ့ကိုလာခေါ်ပေးဖို့ ပြောလိုက်တယ်။

မကြာခဏ ထန်းယွီကပဲ ယွီဖေးကို လာကြိုတတ်ပေမယ့် သူကကုဝေရဲ့ အတွင်းရေးမှူးဖြစ်တာကြောင့် အမြဲတမ်းတော့ အားမနေနိုင်ဘူး။ ဒါကြောင့် အချိန်ပြည့် ဒရိုင်ဘာတစ်ယောက်ခန့်ဖို့ ယွီဖေးက ကုဝေကို တောင်းဆိုခဲ့တယ်။ အကယ်၍ ထန်းယွီက မအားခဲ့ရင် ဒရိုင်ဘာက ယွီဖေးကို မောင်းပို့လိမ့်မယ်။

အိမ်ကနေမထွက်ခင် ယွီဖေးက ထန်းယွီဆီက လိပ်စာလှမ်းတောင်းလိုက်တယ်။ ပြီးတော့ ကုဝေက အစည်းအဝေးခန်းထဲမှာပဲ ရှိနေသေးမှန်း သိလိုက်ရတယ်။ ကုမ္ပဏီက တွေ့ဆုံပွဲအတွက် ချိန်းထားတဲ့ နေရာနဲ့ နီးတာကြောင့် အစည်းအဝေးပြီးတာနဲ့ သူကတန်းသွားလိုက်ယုံပဲ။ ထန်းယွီက ဒရိုင်ဘာကို အရင်ဆုံး ယွီဖေးကို သွားခေါ်ခိုင်းဖို့ စီစဉ်ထားပေမယ့် ယွီဖေးက သူ့ကိုအရင် ဖုန်းခေါ်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။

ကုဝေက နှစ်ဖက်မိသားစုကို ယွိဟွာဂေဟာမှာ တွေ့ဆုံပေးဖို့ စီစဉ်ထားတယ်။

ယွိဟွာဂေဟာကလည်း ကုမိသားစု ပိုင်ဆိုင်တာတွေထဲက တစ်ခုဆိုတာ ယွီဖေး ဒရိုင်ဘာဆီက သိလိုက်ရတယ်။

ယွီဖေးက ဒါကိုကြားတော့ အေးခဲသွားပြီး နန်းဝမ်ရှန်းက အိမ်ကလည်း ကုမိသားစု ပိုင်ဆိုင်တာပဲဆိုရင် အံ့အားသင့်ဖို့တောင်မှ အသင့်ဖြစ်နေပြီ။

သူဒီလိုတွေးမိတာကြောင့် ဒရိုင်ဘာကို မေးကြည့်တော့ ဒရိုင်ဘာကသူ့ကို အကြီးအကျယ် ဂုဏ်ယူနေတဲ့ လေသံနဲ့ သေချာတာပေါ့လို့ ပြန်ဖြေခဲ့တယ်။

ယွီဖေး : ...အိုး!

ဒီလောက်ကြီးကျယ်တဲ့ ပိုင်ဆိုင်မှုတွေက သူခန့်မှန်းထားတာထက်ကို ကျော်လွန်နေပြီ။

ယွီဖေးရဲ့ မိသားစုကလည်း အတော်လေး ချမ်းသာတာ မှန်ပေမယ့် သူဒီကို ကူးပြောင်းလာကတည်းက သူ့ရဲ့အချိန်အများစုကို ချမ်းသာမှုကို ခံစားရင်း မဖြုန်းတီးရသေးဘူး။ တစ်ဖက်မှာတော့ ကုမိသားစုရဲ့ အမွေတွေကိုတောင် သူပိုသဘောကျချင်နေပြီ။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now