Chapter 15

23.5K 3.9K 139
                                    

Zawgyi

မွှေးပျံ့ချိုမြိန်သော

ဝိုင်နီရဲ့ အရသာက တကယ်ကိုကောင်းတယ်။ ယွီဖေးက စာအုပ်တွေကို စာကြည့်ခန်းထဲ ထည့်ပြီးနောက် တစ်ကိုယ်လုံး ပူလာသလို ခံစားလိုက်ရတယ်။ ကြည့်ရတာ သူများများ လှုပ်ရှားလိုက်လို့နေမယ်။ သူခဏအနားယူပြီးတော့ ကိုယ်အပူချိန်က ကျမသွားသေးတာကို သတိထားမိလိုက်တယ်။ သူနည်းနည်း မူးနောက်နောက်လည်း ဖြစ်နေတာကြောင့် အရက်မူးနေတာ ဖြစ်မယ်လို့ တွက်ဆလိုက်တယ်။

သူ့ရဲ့အရက်သောက်နိုင်စွမ်းက အရမ်းမဆိုးပါဘူး။ အဓိက ပြဿနာက ကုဝေရဲ့ ဝိုင်ကြောင့်ပဲဖြစ်မယ်။

ဝိုင်နီက ပိုဈေးကြီးလေလေ ပိုမူးလေလေပဲလား? ယွီဖေးက ရှုပ်ထွေးလာပြီး ဒီညသူ့စာကြည့်ခန်း အသစ်လေးထဲမှာ စာကြည့်မယ့် အစီအစဉ်ကို လက်လျှော့လိုက်တယ်။ ပြီးတော့ ပထမထပ်က သူ့အခန်းကို ပြန်သွားပြီး ညအိပ်ဝတ်စုံ လဲဝတ်ကာ အိပ်ရာဝင်လိုက်တော့တယ်။

ညမိုးချုပ်ချုပ် ဒုတိယထပ်က အိပ်ခန်းကျယ်ကြီးထဲမှာ အိပ်ပျော်နေတဲ့ ကုဝေရဲ့ မျက်လုံးတွေ ရုတ်တရက် ပွင့်လာတယ်။ သူ့အကြည့်တွေက တံခါးပေါက်ဆီ ဆိုက်ရောက်သွားပြီး သူထထိုင်လိုက်တာနဲ့ သူ့ရဲ့အာဒမ်ပန်းသီးလေးက အထက်အောက် လူးလွန့်သွားတယ်။

အနံ့လေးက ဖျော့ပေမယ့် ထူးဆန်းတဲ့ pheromone အနံ့ချိုချိုလေး ရနေတယ်ဆိုတာ သေချာတယ်။

Omegaတစ်ယောက်လား

ဒီအိမ်ထဲမှာလေ

'ကလစ်' ဆိုတဲ့ အသံနဲ့အတူ အိပ်ခန်းကျယ်ကြီးရဲ့ တံခါးပွင့်လာခဲ့တယ်။

ကုဝေက အမူအရာမဲ့စွာနဲ့ လှေကားကနေတစ်ဆင့် အောက်ထပ်ကို ဆင်းလာပြီး pheromoneတွေရဲ့ အနံ့နောက်ကိုလိုက်ရင်း တံခါးတစ်ခုရှေ့မှာ ရပ်တန့်သွားခဲ့တယ်။

သူမှတ်မိတာ မှန်မယ်ဆို အခုချိန် အခန်းထဲမှာ ရှိနေတဲ့လူက သူနဲ့စာချုပ်အရ လက်ထပ်ထားတဲ့ သူ့ရဲ့ပါတနာ ယွီဖေး betaတစ်ယောက်ပဲ။

Omega pheromoneတွေကြောင့် သူ့ရဲ့ထိန်းချုပ်နိုင်စွမ်း လျော့ကျလာတာကို သတိထားမိတော့ ကုဝေက ဖြည်းဖြည်းချင်း မျက်မှောင်ကြုပ်လိုက်တယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now