Chapter 64

19.2K 3.6K 260
                                    

Zawgyi

ရေထဲသို့ပြုတ်ကျခြင်း

"ငါ့ကိုသိလို့လား?" ယွီဖေးရဲ့ စိတ်ထဲမှာတော့ အနည်းငယ် ဂယောက်ဂယက်ဖြစ်ပြီး ပျာယာခတ်သွားပေမယ့် လူကတော့ နေရာမှာတင် တည်တည်ငြိမ်ငြိမ် ထိုင်နေကာ သူ့မျက်နှာပေါ်မှာ ထိတ်လန့်နေတဲ့ အမူအရာတွေ မပေါ်စေခဲ့ဘူး။

ထိုကောင်လေးက နှာမှုတ်လိုက်ပြီး : "ဟန်ဆောင်မနေနဲ့ မင်းငါ့ကို မမှတ်မိတော့ဘူးလို့ ပြောမလို့လား?"

ယွီဖေး : "..." ငါလည်းဒီလိုပြောတော့မလို့ပဲ။

"မင်းက?" သူမှန်တယ်ဆိုပေမယ့်လည်း ယွီဖေးမှာ ဘာထင်မြင်ချက်မှ ရှိမနေတာကြောင့် မေးစရာ ရှိတာတော့ မေးရဦးမယ်။

လုလင်းက ယွီဖေးကိုကြည့်ရင်း စိတ်ဆိုးဒေါသထွက်သွားပေမယ့် သူဘာလုပ်ရမယ်မှန်း မသိခဲ့ဘူး။

"လုလင်းလေ" လုလင်းက အံကြိတ်ရင်း : "မင်းက ငါ့အဖိုးရဲ့ မွေးနေ့ပွဲကိုလည်း လာသေးတယ် လုမိသားစုဝင် တစ်ယောက်ကိုတောင်မှ မှတ်မထားနိုင်ဘူး"

ယွီဖေးက တောင်းပန်တဲ့ အပြုံးလေးနဲ့ : "Sorry မင်းတို့လုမိသားစုမှာ မိသားစုဝင်တွေ အများကြီး ရှိလို့ဖြစ်မယ်"

စကားတစ်ခွန်းတည်းဆိုပေမယ့် ယွီဖေးရဲ့ ထိုစကားတစ်ခွန်းက လုလင်းရဲ့ နှလုံးသားထဲက ဒဏ်ရာကို တူးဆွပေးလိုက်သလိုပဲ။ တကယ်တမ်း လုမိသားစုမှာ မျိုးဆက်တွေ အများကြီးရှိပြီး လုကျန်းရဲ့ ရဲ့မျက်လုံးထဲမှာတော့ လုလင်းဟာ သူ့ရဲ့မြေးမြစ်ပေါင်း များစွာထဲက တစ်ယောက်ပဲ ဘာမှမထူးခြားဘူး။

ဒါကြောင့်ပဲ အပျော်စီး သင်္ဘောပေါ်က အဖြစ်အပျက် အပြီးမှာ သူ့မိဘတွေက သူ့အဖိုးရှေ့မှာ ကြားဝင်တောင်းပန်ပေးခဲ့ပေမယ့်လည်း သူဟာ မိသားစုထဲက အကန်ထုတ်ခံလိုက်ရပြီး နိုင်ငံခြားမှာသာ သွားနေရတော့တယ်။

ဒီအချိန်မှာ သူ့အဖိုးရဲ့ မွေးနေ့ပါတီပွဲသာ မကျင်းပခဲ့ရင် သူအိမ်ပြန်လာဖို့ကို သူ့မိသားစုက ခွင့်ပြုပေးခဲ့မှာ မဟုတ်ဘူး။ မဟုတ်ရင်တော့ သူတရုတ်ပြည်ကို ပြန်လာနိုင်ဦးပါ့မလား ဆိုတာကို သူလည်းမသိနိုင်ဘူး။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now