Chapter 14

24.5K 3.9K 176
                                    

Zawgyi

သူငယ်ချင်းဖြစ်ကြမယ်

နောက်တစ်နေ့ ယွီဖေးနိုးလာတော့ ကုဝေက အလုပ်သွားနှင့်ပြီ။

ဒီနေ့သောကြာနေ့မှာ ယွီဖေးက ရုံတင်ထားတဲ့ ဇာတ်ကားအသစ်ကို အတူတူ သွားကြည့်ကြဖို့ သူ့အခန်းဖော်တွေကို ပြောလိုက်တယ်။ သူတို့မသွားခင်မှာပဲ မေမေယွီက ယွီဖေးကို အိမ်ကိုချက်ချင်းပြန်လာခဲ့ဖို့ ဖုန်းဆက်လာတယ်။

သူ့မှာရွေးချယ်စရာ မရှိတာကြောင့် သူ့အခန်းဖော်တွေနဲ့ ရုပ်ရှင်သွားကြည့်မှာကို ဖျက်လိုက်ပြီး ဒရိုင်ဘာကို အိမ်ပြန်ပို့ခိုင်းလိုက်တယ်။

သူအိမ်ကိုရောက်တော့ နေ့လည်စာစားချိန်ဖြစ်နေပြီ။ မေမေယွီက ထမင်းချက်ကို ဒီနေ့နေ့လည်စာ စောစောပြင်ဆင်ခိုင်းထားတာကြောင့် ယွီဖေးရောက်လာတဲ့အချိန်မှာ ပူပူနွေးနွေး ဟင်းလျာတွေက သူ့ကိုအသင့်စောင့်ကြိုနေတယ်။

နေ့လည်စာစားပြီးတော့ ယွီဖေးက ဆိုဖာပေါ်မှာ လျော့ရဲရဲမှီပြီး ထမင်းလုံးစီနေလိုက်တယ်။ လူတွေက အစာစားပြီးနောက် ဗိုက်လေးပြီး အိပ်ချင်လာကြတာပဲ။

မေမေယွီက ယွီဖေးရဲ့ဘေးမှာ ဝင်ထိုင်ပြီး မေးလာတယ်
"သခင်လေးကုက သားကိုဘယ်လိုဆက်ဆံလဲ?"

ဒီမေးခွန်းကိုကြားတော့ ယွီဖေးက အိပ်ငိုက်နေရာကနေ အပြည့်အဝ နိုးလာတယ်
"အရမ်းကောင်းပါတယ်"

"ကောင်းတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ?"
မေမေယွီက ထပ်မေးတယ်။

ယွီဖေး : "...သူက ကျွန်တော်စီးဖို့ သူ့ရဲ့ကားဂိုဒေါင်ထဲကနေ ကြိုက်တဲ့ကား ရွေးခိုင်းတယ်"

မေမေယွီက နားထောင်နေရင်း ခေါင်းညိမ့်ပြီး ပြုံးလိုက်တယ်။ သူမရဲ့ မျက်လုံးထဲမှာ စိတ်သက်သာရာရမှုတွေ ရှိနေတယ်။

ယွီဖေးဖြေပြီးတာနဲ့ ဧည့်ခန်းက အချိန်ခဏကြာ တိတ်ဆိတ်သွားတော့တယ်။

ခဏကြာပြီးတော့ မေမေယွီက မဝံ့မရဲနဲ့ ထပ်မေးလာတယ် "ဒါပဲလား?"

ယွီဖေး : "ဟားဟား ဒါတင်ဘယ်ကပါ့မလဲ အများကြီး ရှိသေးတယ် ကျွန်တော်ဘယ်က စပြောရမလဲ မသိလို့"

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now