Chapter 45

6.3K 1.7K 380
                                    

Zawgyi

သဘောကျလား?

သူ့မျက်နှာကို ဖြတ်တိုက်သွားတဲ့ လေပြည်လေညင်းလေးတွေကို ခံစားနေရင်း ယွီဖေးက သူဘယ်ကို သွားနေတာလဲ ဆိုတာကို မပြောနိုင်သလို သူဘယ်ကို ဦးတည်ပြီး သွားနေမိတာလဲ ဆိုတာကိုလည်း ဂရုမစိုက်နိုင်ဘူး။

သူ့ရင်ဘတ်ထဲမှာ မရင်းနှီးတဲ့ ခံစားချက်တွေ ခံစားနေရပြီး အချိန်တစ်ခု ကြာတဲ့အထိ သူ့အတွေးတွေကို မစုစည်းနိုင်သေးဘူး။

ကုဝေ တစ်ယောက်ယောက်ကို စိတ်ဝင်စားသွားမလားဆိုပြီး ယွီဖေး တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ဘာလို့လဲဆိုတော့ မူရင်းဇာတ်ကြောင်းထဲမှာ ကုဝေ စိတ်ဝင်စားနေတဲ့သူကို မဖော်ပြထားခဲ့လို့ပဲ။ ဒါကြောင့်မို့ သူဟာ ကုဝေက သူ့အလုပ်ကိုပဲ ဂရုစိုက်တယ်လို့ ထင်လိုက်မိတယ်။

ဒါပေမယ့် ခုနတုန်းက ကုဝေရဲ့ စကားတွေဟာ သူထင်ထားသလို မဟုတ်ဘူးလို့ သတိပေးနေသလိုပဲ။

ကုဝေလိုပဲ novelထဲမှာ ယွီဖေးက omegaဆိုတာကို ဖော်ပြမထားပေမယ့် အခုချိန်မှာ တစ်နည်းနည်းနဲ့ သူကomega ဖြစ်လာခဲ့တာပဲ။

သူ့စိတ်ထဲမှာ ဒီအကြောင်းတွေ တွေးနေရင်း ယွီဖေးက သစ်သားပျဉ်လမ်းလေး အဆုံးထိ လျှောက်လာခဲ့တယ်။ သူ့ရှေ့မှာတော့ တိတ်ဆိတ်နေကာ အမှောင်ထုထဲမှာ လှိုင်းပုတ်သံ ခပ်တိုးတိုးသာ ကြားရပြီး ယွီဖေးဟာ သိမ်ငယ်သွားသလို ခံစားနေရတယ်။

"ဆက်သွားစရာ လမ်းမရှိတော့ဘူးနော်"
သူ့နောက်ကနေ alphaတစ်ယောက်ရဲ့အသံ ထွက်ပေါ်လာခဲ့တယ်။

ရင်းနှီးနေတဲ့ ပွေ့ဖက်မှုထဲ ကျရောက်သွားပြီးနောက် ယွီဖေးဟာ နှာသံလေးနဲ့ ရှိုက်မိသွားတာကို မထိန်းချုပ်နိုင်လိုက်ဘူး။ ဘာကြောင့်လဲတော့ မသိပေမယ့် သူကုဝေကို ဆုံးရှုံးရတော့မယ်ဆိုတဲ့ အချက်ကို သူလုံးဝ လက်မခံနိုင်ဘူး။

နောက်ကိုလှည့်ပြီး ကုဝေကို ပြန်ဖက်လိုက်ကာ ယွီဖေးက မျက်လုံးတွေ မှိတ်ထားပြီး ဘာဆိုဘာမှ မပြောခဲ့ဘူး။

ကုဝေက ခဏတာ အံ့အားသင့်သွားပြီးနောက် ကောင်လေးရဲ့ ခေါင်းလေးနဲ့ နောက်ကျောပြင်ကို ခပ်သာသာ ပုတ်ပေးလိုက်ပြီး : "ဘယ်နေရာက မသက်မသာ ခံစားနေရလို့လဲ?"

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now