Chapter 19

5.9K 1.6K 220
                                    

Zawgyi

ကိုယ့်ကိုမကျေနပ်တာရှိသေးလား?

ုထမင်းစားခန်းထဲက လေထုက ထူးထူးဆန်းဆန်း ငြိမ်သက်တိတ်ဆိတ်နေတယ်။

အန်တီချန်က စွပ်ပြုတ်ပန်းကန်နဲ့ မီးဖိုချောင်ထဲက ထွက်လာပြီး တံခါးဝမှာလည်း ရပ်မနေ နောက်လည်းပြန်မဆုတ်သွားပဲ ခပ်တည်တည်ပဲ ရှေ့ဆက်လျှောက်လာခဲ့တယ်။

နှစ်လုတ်လောက် စားပြီးတော့ ကုဝေက မျက်မှောင်ကြုပ်လိုက်ပြီး ပန်းကန်လုံးကိုအောက်ချကာ ပြောလိုက်တယ် : "ရှင်းလိုက်တော့"

ပြောပြီးတာနဲ့ ကုဝေက မတ်တပ်ထရပ်ပြီး ဒုတိယထပ်ကို တက်သွားတော့တယ်။

အန်တီချန်က မပြီးသေးတဲ့ ထမင်းဟင်းတွေကို အမြန်သိမ်းဆည်းလိုက်တယ်။ စွပ်ပြုတ်ကိုတော့ မီးဖိုချောင်ထဲ ပြန်ယူသွားလိုက်တယ်။

အပြင်လူတစ်ယောက်အနေနဲ့ ချမ်းသာတဲ့ လူတွေရဲ့ အတွေးတွေကိုတော့ သူမလိုက်မမှီနိုင်ဘူး။ ဒါကြောင့်သူမက ဘာမှဝင်မပြောရဲသလို ဘာမှလည်း မမေးရဲဘူး။

တစ်ဖက်မှာတော့ ယွီဖေးက သူ့အခန်းကို ပြန်လာလိုက်တယ်။ ထူးထူးဆန်းဆန်း စိတ်ဓာတ်ကျသလို ခံစားနေရပြီး ထိုခံစားချက်ကြီးက အချိန်ကြာတဲ့ထိ လျော့မသွားသေးဘူး။

ကုဝေက သူ့ရဲ့ကုမ္ပဏီက တစ်ခြားအလုပ်တွေလိုမျိုး သူ့ကိုစာချုပ်ချုပ်ထားတဲ့ လူတစ်ယောက် အနေနဲ့သာ ဆက်ဆံနေတယ်။ တည်ငြိမ်ပြီး အကျိုးအမြတ်ရှိတဲ့ သဘောတူ စာချုပ်ချုပ်ထားသူပေါ့။

အခန်းထဲက အသေးစား ဝရန်တာပေါ်ကနေ ယွီဖေးက လမ်းမီးရောင်တွေ ဖြာကျနေတာကြောင့် ငွေရောင်နဂါးကြီးနဲ့ တူနေတဲ့ လမ်းမကြီးကို တွေဝေစွာ ကြည့်နေမိခဲ့တယ်။

ညအပူချိန်က လျော့ကျနေပြီး ဖြည်းဖြည်းချင်း တိုက်ခတ်နေတဲ့ လေပြည်လေညင်းလေးတွေက စိတ်ဆိုးနေတဲ့ ယွီဖေးရဲ့စိတ်ကို သက်တောင့်သက်သာ ဖြစ်စေတယ်။

သူဘာလို့ အရမ်းစိတ်ဆတ်နေရတာလဲ? သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အလုပ်ရှင်နဲ့ အလုပ်သမားကြားက ဆက်ဆံရေးပဲ။ သူတို့က တစ်လှေတည်းစီးနေကြတဲ့ သူတွေမို့ အချင်းချင်းလေးစားသင့်တယ်။ ပြီးတော့ အတွင်းရေးမှူး လဲလိုက်တာကလည်း ကိစ္စကြီးကြီးမားမား မဟုတ်ဘူး။ တကယ်ဆို ကုဝေက သူ့အမြင်ကို မေးနေစရာတောင် မလိုဘူး။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now