Chapter 17

21.9K 4.1K 690
                                    

Zawgyi

စာကြိုးစားခြင်း

ဟိုတယ်ကနေ ထွက်လာပြီး သူတို့ဟာ နန်းဝမ်ရှန်းကအိမ်ကို ပြန်လာကြတယ်။

ယွီဖေးကပွဲမှာ သေချာမစားခဲ့ရဘူး။ ကုဝေကလည်း သေချာစားဖို့ အချိန်မရခဲ့ဘူး။ ဒါကြောင့် သူတို့အိမ်ပြန်ရောက်တော့ ယွီဖေးက အပေါ်ထပ်တက်ဖို့ ပြင်နေတဲ့လူကို လှမ်းမေးလိုက်တယ် "ခင်ဗျား ဘာမှမစားခဲ့ရဘူးမလား ကျွန်တော် ခေါက်ဆွဲနည်းနည်း လုပ်ပေးမယ် အတူစားမလား?"

ကုဝေက နောက်ဆုံးတော့ ဒီနေ့ဧည့်ခံပွဲမှာ ယွီဖေးကို ထားခဲ့မိတာကို သူသတိရသွားတယ်။

"မင်းဗိုက်ဆာလို့လား? ထန်းယွီကို စားစရာ တစ်ခုခု ယူလာဖို့ ပြောလိုက်မယ်"

ယွီဖေး : "မလိုပါဘူး ကျွန်တော် ချက်တတ်တယ် အတူတူစားချင်လား?"

ယွီဖေးက ကုဝေကို ညင်ညင်သာသာ မေးလိုက်တယ်။ ဒါပေမယ့် ကုဝေရဲ့ နားထဲမှာတော့ ယွီဖေးက သူနဲ့ညစာ အတူစားချင်လို့ တောင်းဆိုနေတယ်လို့ ထင်သွားတယ်။

"ကောင်းပြီလေ"
ကုဝေက ညစာစားပွဲမှာ အလျင်အမြန်ပဲ ဝင်ထိုင်လိုက်ပြီး ယွီဖေး ခေါက်ဆွဲပြုတ်တာကို ထိုင်စောင့်နေတယ်။

ဒါကိုမြင်တော့ ယွီဖေးက သူ့နှာတံလေးကို ပွတ်လိုက်ပြီး မီးဖိုချောင်ကို တစ်ယောက်တည်း ဝင်သွားတော့တယ်။

အရင်တုန်းကလိုပဲ ကြက်ဥခေါက်ဆွဲက ၁၅မိနစ်အတွင်း ချက်ပြုတ်ပြီးစီးသွားတယ်။

ကုဝေက ပန်းကန်လုံးထဲက ခေါက်ဆွဲပြုတ်ကို အချိန်အတန်ကြာ ငေးကြည့်နေပြီးနောက် တူကိုကောက်ကိုင်ကာ စတင်စားသုံးတော့တယ်။

အလင်းရောင်အောက်ဝယ် လူ၂ယောက်က တစ်မိုးအောက်မှာ ထမင်းစားခန်းတစ်ခုက စားပွဲတစ်ခုတည်းပေါ်မှာ အတူတူစားသောက်နေကြတာဟာ တကယ့်မိသားစုလေးတစ်ခုလိုပဲ။

နန်းဝမ်ရှန်းကအိမ်မှာ ညအချိန်ကြီး သူတို့၂ယောက်တည်း ရှိနေတော့ ကုဝေက မနေ့ညက အနံ့ရခဲ့တဲ့ omega pheromoneတွေကို ပြန်အမှတ်ရသွားတယ်။
ယွီဖေးက omegaမဟုတ်ဘူးဆိုတာ သူအတည်ပြုပြီးသွားပြီ။ ဒါဆိုရင် ဖြစ်နိုင်တာက.....

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now