Chapter 09

23.6K 4K 42
                                    

Zawgyi

ညသန်းခေါင်ယံ

အခန်းအားလုံးကို စစ်ဆေးပြီးနောက် ယွီဖေးက ပထမထပ်က ဧည့်ခန်းထဲကို ဆင်းလာပြီး မေမေယွီ့ကို ဖုန်းခေါ်လိုက်တယ်။

"အမေ ကျွန်တော် အိမ်ပြန်မလာတော့ဘူးနော်"

"...သား တကယ်လက်ထပ်လိုက်တာလား?"

ယွီဖေး : "ကျွန်တော် လက်ထပ်မှတ်ပုံတင်ကို ဓာတ်ပုံရိုက်ပြီး အမေ့ဆီ ပို့လိုက်ရမလား?"

မေမေယွီ : "အင်း"

ယွီဖေး : "...ကျွန်တော် ခဏနေရင် ပို့လိုက်ပါ့မယ် ကျွန်တော် အခုချိန်ကစပြီး သူနဲ့ပဲ နေရတော့မှာ"

မေမေယွီ : "သား တကယ်ပဲ လက်ထပ်ပွဲ မလုပ်ချင်တာလား?"

"ကျွန်တော် ဘွဲ့ရပြီးတဲ့နောက်တော့ လုပ်မှာပါ"
လွန်ခဲ့တဲ့ညက ညစာစားပွဲမှာလည်း ယွီဖေးက ဒီလိုပဲ ပြောခဲ့တယ်။

မေမေယွီက တစ်စုံတစ်ခုကို စိုးရိမ်သွားပြီး :
"သား မင်းအလှည့်စား မခံရဘူးဆိုတာ သေချာရဲ့လား? အဲ့ဒီ့လူက ကုမိသားစုက သခင်လေးကုဝေ အစစ်ရော ဟုတ်ရဲ့လား? သူ့ရဲ့နိုင်ငံသားကဒ်တွေ ဘာတွေကိုရော စစ်ကြည့်ပြီးပြီလား?"

ယွီဖေးက ရယ်လိုက်ပြီး : "အဖေကတော့ သခင်လေးကုကို တစ်ခြားတစ်ယောက်နဲ့ လွဲမယ်လို့ မထင်ဘူး အမေ တစ်နေ့လုံး လျှောက်တွေးနေတာလား?"

မေမေယွီ : "အမေက သားကို စိတ်ပူလို့ပါ"

"ကျွန်တော်သိပါတယ် အမေ ကျွန်တော့်ကို မစိုးရိမ်ပါနဲ့ ကျွန်တော်အဆင်ပြေပါတယ် အဖေ့ကိုလည်း ကျွန်တော် ကုဝေနဲ့ပဲ နေတော့မယ့်အကြောင်း ပြောပေးပါဦး"
ယွီဖေးက ပြောလိုက်တယ်။

မေမေယွီ : "ဟုတ်ပါပြီ"

ဖုန်းချပြီးတာနဲ့ ယွီဖေးက လက်ထပ်မှတ်ပုံတင်ကို ဓာတ်ပုံရိုက်ပြီး မေမေယွီ့ဆီ လှမ်းပို့လိုက်တယ်။

လုပ်စရာရှိတာ အကုန်လုပ်ပြီးတာနဲ့ ယွီဖေးက ဆိုဖာပေါ်ကို မှီချလိုက်ပြီး မျက်နှာကျက် အမြင့်ကြီးကို ငေးကြည့်ကာ စတင်တွေးတောတော့တယ်။

ဖြစ်ပျက်သမျှ အရာရာတိုင်းက အရမ်းအိမ်မက်ဆန်နေတယ်။

သူ့ဘဝမှာ ဖြစ်လာမယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့တဲ့ ဝတ္ထုထဲက ဇာတ်ကောင်တစ်ကောင်နဲ့ သူလက်ထပ်လိုက်ရတယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now