Chapter 40

25K 4.2K 1K
                                    

Zawgyi

အစခံရခြင်း

ပိုပြီးရင်းနှီးလာအောင် လုပ်ရမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ? ဘယ်လိုမျိုး ရင်းနှီးလာဖို့ ရည်ရွယ်ချင်နေတာလဲ?

ကုဝေရဲ့ စကားထဲမှာ အန္တရာယ်ရှိတဲ့ အရိပ်အယောင်တွေ မြင်လိုက်ရတော့ ယွီဖေးက ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပြန်ပြောလိုက်တယ် : "ရပါတယ် အလျင်မလိုပါဘူး ကျွန်တော့်ရဲ့ အသွင်ပြောင်းခြင်း ကာလပြီးမှ ဆက်ပြောကြတာပေါ့"

ယွီဖေးက ငြင်းဆန်လိမ့်မယ်လို့ သူမထင်ထားခဲ့ဘူး။ ကုဝေက မျက်ခုံးပင့်လိုက်ပြီး တစ်ခုခုပြောဖို့ ပြင်လိုက်ပေမယ့် ယွီဖေးကသူ့ကို goodnightလို့ လှမ်းပြောပြီး အခန်းတံခါးပိတ်သွားတော့တယ်။

ပိတ်သွားတဲ့ တံခါးကို ကြည့်နေရင်း ကုဝေက ရေစိုနေတဲ့ သူ့ဆံပင်တွေကို သုတ်လိုက်ပြီး တီးတိုးရေရွတ်လိုက်တယ် : "အခုတလော သူ့ကိုလှည့်စားဖို့ ပိုခက်ခဲလာပြီပဲ"

အခန်းထဲရောက်တော့ ယွီဖေးက ပြတင်းပေါက်ရှေ့မှာ ထိုင်ချလိုက်ပြီး အပြင်ဘက်က ညမြင်ကွင်းကို ခဏတာ ငေးမောပြီးနောက် ဖုန်းဖွင့်လိုက်ပြီး AOအမှတ်အသားပေးတာနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို ရှာကြည့်လိုက်တယ်။

"Glandကိုကိုက်သော အမှတ်အသားများ"
"လိင်အင်္ဂါအပေါက်"
"Pheromoneရောနှောခြင်း"

ယွီဖေးက သိပ္ပံနည်းကျ အတွေးအခေါ်နဲ့ ရှာလိုက်ပေမယ့် သူရှာထားတာတွေကို ဖတ်ပြီးနောက်မှာတော့ ရှက်ရွံ့သွားပြီး pageထဲကနေ ထွက်လိုက်တယ်။

ကုဝေနဲ့ အမှတ်အသား သဘောတူစာချုပ် ချုပ်လိုက်တာက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို sex friendsတွေအဖြစ် သတ်မှတ်လိုက်တာနဲ့ အတူတူပဲဆိုတာ သူနားလည်ပေမယ့် alphaနဲ့ omegaကြား အမှတ်အသားပေးတာက သူ့အမြင်အရ လိင်အမျိုးအစားတူတဲ့ လူတွေရဲ့ sexနဲ့အချစ်လိုမျိုး မဟုတ်ဘဲ လုံးဝကွဲပြားခြားနားမယ်လို့တော့ သူမထင်ထားခဲ့ဘူး။ (ပုံမှန်လိင်တူချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးနဲ့ ABO universeက AOဆက်ဆံရေးက မတူဘူးလို့ ပြောချင်တာ ထင်ပါတယ်) အဲ့တာက သူနားလည်ဖို့အတွက် အရမ်းကို ရှုပ်ထွေးလွန်းနေတယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now