Chapter 57

23.1K 3.8K 577
                                    

Zawgyi

ရေချိုးခြင်း

နည်းပညာခေတ်က လူငယ်တွေရဲ့ လျှို့ဝှက်ချက်တွေကို သိချင်ရင် ဘယ်နေရာကို အရင်ဆုံး ရှာကြည့်ရမလဲ သိလား? သေချာပေါက်ကိုပဲ သူတို့ရဲ့ ဆဲလ်ဖုန်းတွေထဲက search historyနေရာမှာ အရင်ရှာကြည့်ရမှာပေါ့!
(ဂူဂဲလ်၊ ဘရောက်ဆာ၊ ခရုမ်း၊ ဆာဖာရီ etc...)
(ပွန်းတွေကြည့်သလား၊ ဂေးပွန်းလား၊ ဘာအကြောင်းအရာတွေ ရှာထားသလဲ ဘာညာဘာညာပေါ့ ;)

ဒါကြောင့် ဒုတိယထပ်က အိပ်ခန်းထဲကို ရောက်တာနဲ့ အခန်းတံခါး ပိတ်လိုက်ပြီး ယွီဖေးဟာ သူ့ဖုန်းရဲ့ browserထဲက historyနေရာကို ဝင်ကြည့်လိုက်တယ်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ historyနေရာမှာ ဘာမှမရှိတော့တာကို တွေ့လိုက်ရတော့ သူစိတ်ပျက်သွားတော့တယ်။

နောက်ပိုင်းမှ ယွီဖေး ရှာတွေ့လိုက်ရတာက သူ့ဖုန်းထဲမှာ message appလေး တစ်ခုတောင် မရှိဘူး ဆိုတာပဲ။

ဒီဖုန်းက သေချာပေါက်ကို သူအရင်က သုံးခဲ့တဲ့ဖုန်း မဟုတ်လောက်ဘူး။

ဖုန်းကို အဝေးလွှင့်ပစ်လိုက်ပြီး ယွီဖေးဟာ နူးညံ့တဲ့ အိပ်ရာပေါ်မှာ လှဲချလိုက်တော့တယ်။

တစ်ခုခုက မူမမှန်ဘူးလို့ သူအမြဲတမ်း ခံစားနေရတယ်။

ကုဝေ ပြောတာကတော့ သူတို့နှစ်ယောက်ဟာ blind dateတစ်ခုမှာ ဆုံခဲ့ကြပြီး မြင်မြင်ချင်းပဲ ချစ်မိသွားကြကာ သူတို့လက်ထပ်ပြီးတာ လပေါင်းများစွာတောင် ကြာနေပြီတဲ့။ ဒါပေမယ့် ဒီအခန်းထဲက ပရိဘောဂ အပြင်အဆင်တွေဟာ သူအမြဲတမ်း ဒီအခန်းထဲမှာပဲ နေခဲ့ရသလို ဘာကြောင့် ခံစားရစေတာလဲ။

သူတို့နှစ်ယောက်က ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကြပေမယ့် အခန်းခွဲပြီး အိပ်ကြတာလား?

ဒီနန်းဝမ်ရှန်းအိမ်က အခန်းက သူ့အခန်းဆိုရင် သူ့ရဲ့အရေးအကြီးဆုံး ပစ္စည်းတွေကိုလည်း ဒီမှာပဲ သိမ်းထားလောက်တယ်။

ယွီဖေးရဲ့ခေါင်းက ဘေးကိုလှည့်သွားပြီး သူ့အကြည့်တွေဟာ အိပ်ရာဘေးက စားပွဲဆီကို ကျရောက်သွားတော့တယ်။

သူအိပ်ရာပေါ်က မထရသေးခင်မှာပဲ သူ့အခန်း တံခါးဟာ ရုတ်တရက် အပြင်ကနေ ပွင့်လာခဲ့တယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now