Chapter 67

20.6K 3.2K 844
                                    

Zawgyi

ပထမဆုံးအကြိမ်မဟုတ်

(ပြိုင်ကားဖြတ်ပါမယ် ဒီတစ်ခါတော့ အမိအရဖမ်းပြီး တားထားကြပါ)

အလင်းရောင် မှိန်ဖျဖျ အခန်းတွင်းရှိ မျက်နှာကြက်ကနေ ကြမ်းပြင်အထိ ရှည်လျားတဲ့ ပြတင်းမှန်ကြီးရဲ့ရှေ့မှာ ပုံရိပ်နှစ်ခုဟာ ပူးကပ်နေကြလေတယ်။

ယွီဖေးရဲ့ အရှေ့မှာတော့ မြို့ပြရဲ့ မီးရောင်စုံ ညမြင်ကွင်းကြီး ရှိနေပြီး အနောက်မှာတော့ ပူနွေးနွေး ခန္ဓာကိုယ်တစ်ခုက ပူးကပ်စွာ တည်ရှိနေတယ်။ ထို့နောက် သူ့ဂုတ်ပေါ်က အရေပြား တစ်နေရာကို ချွန်ထက်ထက် သွားတွေနဲ့ ကိုက်ဖောက်ခံလိုက်ရတာကြောင့် ယွီဖေး ပင့်သက်ရှိုက်မိသွားတယ်။

သူ့ဘဝမှာ မိသားစုနဲ့ ပတ်သတ်တဲ့ အတွေ့အကြုံမျိုး တစ်ခါမှ မခံစားရဖူးသလို မိသားစုလို အရာမျိုး ရှိလာဖို့ကိုလည်း တစ်ခါမှ မျှော်လင့်မထားဖူးဘူး။

ဒါပေမယ့် အခုတော့ သူမရင်းနှီးတဲ့ ဒီကမ္ဘာမှာ သူ့အနောက်ကလူကြောင့် သူ့ဘဝမှာ ပထမဆုံးအနေနဲ့ အနာဂတ်ဆိုတာကြီးကို စိတ်ကူးယဉ် ပုံဖော်မိလာတယ်။

Omegaလေးက သူ့ရဲ့ကျိုးပဲ့လွယ်တဲ့ လည်တိုင်ကြော့ကြော့လေးကို မော့လိုက်ပြီး မျက်နှာကြက်ကနေ ကြမ်းပြင်အထိ ရှည်လျားတဲ့ ပြတင်းမှန်ကြီးကို လက်တစ်ဖက်နဲ့ ထောက်လိုက်တယ်။ ကျန်တစ်ဖက်ကိုတော့ အနောက်မှာ လက်တင်စရာနေရာ ဟိုဟိုဒီဒီ ရှာလိုက်ပြီး နောက်ဆုံးမှာတော့ alphaကြီးရဲ့ ခေါင်းပေါ်ကို ဖိကိုင်လိုက်လေတယ်။

ယွီဖေးရဲ့ ကြုတ်ထားမိတဲ့ မျက်ခုံးတွေကို လက်အကြီးကြီး တစ်ဖက်က ပြေလျော့စေခဲ့ပြီး တဖြည်းဖြည်း အောက်လျှောလာကာ ယွီဖေးရဲ့ မျက်လုံးတွေကို ဖုံးအုပ်လာတယ်။

အမြင်အာရုံ မရှိတော့တာကြောင့် အခြားအာရုံတွေဟာ ပိုပြီးစူးရှလာခဲ့တယ်။

Alphaက omegaရဲ့ လက်ကလေးကိုဆွဲကာ ထိုလက်ကလေးအား alphaက သူအားရကျေနပ်နေမှုကို ရှာတွေ့စေချင်တာကြောင့် လမ်းပြပေးလိုက်တယ်။

ဒီခံစားချက်က ယွီဖေးနဲ့ လုံးဝကို မရင်းနှီးနေဘူး။  ဖြစ်နိုင်တာက သူ့လက်ကို ကိုင်ထားတဲ့ ပူနွေးပြီး သန်မာတဲ့ လက်ကြီးတစ်ဖက်ကြောင့်ပဲဖြစ်မယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now