Chapter 66

4.9K 1.5K 461
                                    

Zawgyi

တစ်ဖန်ပြန်လည်စတင်ခြင်း

ယွီဖေးကတော့ ဘာမူမမှန်မှုကိုမှ သတိမပြုမိခဲ့ဘူး။ နောက်တစ်နေ့ သူအိပ်ရာနိုးလာတော့ အခန်းထဲမှာ ထင်းရှူးရနံ့တွေကို အနံ့ရမိပေမယ့် ကုဝေသူ့ကို အမှတ်အသားပေးပြီးနောက် ကုဝေရဲ့ pheromoneတွေက သူ့ကိုယ်ထဲမှာ ရစ်ပတ်ကာ ကျန်ရှိနေခဲ့တာကြောင့် သူ့ကိုယ်က ထွက်လာတဲ့ pheromoneရနံ့တွေပဲ ဖြစ်မယ်လို့ ထင်လိုက်တယ်။

ယွီဖေး နိုးလာတော့ အပြင်ဖက်မှာ မိုးတဖွဲဖွဲ ရွာနေခဲ့တယ်။ ယွီဖေးက ကော်ဖီတစ်ခွက် ဖျော်လိုက်ပြီး ပြတင်းပေါက် ဘေးမှာထိုင်ကာ ပြတင်းမှန်မှတဆင့် အပြင်ဖက်က မြင်ကွင်းတွေကို ငေးမောနေလိုက်တယ်။

တစ်ယောက်တည်း နေရတာ အရမ်းကို ပျင်းစရာကောင်းတာပဲ။

သိသိသာသာကိုပဲ သူအရင်က ဒီလိုမျိုး မခံစားရဖူးပါဘူး။

သူဘယ်အချိန်ကတည်းကစပြီး တခြားတစ်ယောက်အပေါ် အရမ်းကြီး မှီခိုတတ်သွားရတာလဲ?

ကော်ဖီခါးခါး အရသာက သူ့နှုတ်ခမ်းတွေနဲ့ လျှာတစ်လျှောက် ပျံ့နှံ့လာတာကြောင့် ယွီဖေးက မျက်ဝန်းတွေကို မှေးမှိတ်ကာ ခါးသက်သက် အရသာကို ခံစားလိုက်ပြီးနောက် အခန်းထဲပြန်ကာ ဖတ်စာအုပ်တွေကို ယူလိုက်ပြီး ဧည့်ခန်းထဲက ကော်ဇောပေါ်မှာ ထိုင်ချလိုက်တယ်။

စာကြည့်ဖို့ အချိန်ကျပြီ!

ဖတ်စာအုပ်ကို ဖွင့်လိုက်တယ်...

ယွီဖေးရဲ့ မျက်လုံးတွေဟာ ဘေးနားက ပန်းအိုးဆီကို အကြည့်ရောက်သွားတော့တယ်။ ဒီအချိန်ဆို ကုဝေ ဘေးအခန်းမှာ ဘာတွေများ လုပ်နေမလဲ? သူလည်း အလုပ်တွေ လုပ်နေမှာများလား?
(ကုဝေပေးတဲ့ ပန်းစည်းလေးကို ပန်းအိုးထဲ ထည့်ထားပါတယ်တဲ့)

.....

စာကြည့်! စာကြည့်! စာပဲကြည့်စမ်း!

တိမ်ထူထူတွေဟာ မြို့ပြရဲ့ ကောင်းကင်ယံကနေ ဖြည်းဖြည်းချင်း ဖြတ်ကျော်သွားပြီး နေလုံးကြီးရဲ့ တပိုင်းတစကို ထုတ်ဖော်ပြသလာတယ်။ နေရောင်ခြည်ဟာ မိုးရေစက်တွေ ကြားကနေ ထိုးဖောက်ကျရောက်လာပြီး မြူမှုန်တွေဟာလည်း မြေပြင်ပေါ်မှာ နှင်းရေစက်တွေအဖြစ် ဟိုတစ ဒီတစ ရွှဲရွှဲစိုသွားတော့တယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now