Chapter 04

25.9K 4.3K 126
                                    

Zawgyi

အောင်မြင်မှု

ယွီဖေး အိမ်ပြန်ရောက်လာတော့ မေမေယွီက ဧည့်ခန်းထဲမှာ TVထိုင်ကြည့်နေတာဖြစ်တယ်။ သူပြန်လာတာကိုမြင်တော့ မေမေယွီက ဖုန်းကိုကြည့်ရင်း စာတချို့ရိုက်လိုက်ပြီး ယွီဖေးဆီကို လှမ်းကြည့်လာတယ်။

"ရှောင်ဖေး အမေ့နားကို လာထိုင်ပါဦး"
မေမေယွီက အပြုံးလေးနဲ့ လှမ်းခေါ်လိုက်တယ်။

သူမဘာကို သိချင်နေလဲဆိုတာ ယွီဖေးသိတာကြောင့် သူလျှို့ဝှက်မထားဘဲ သူမကိုပြောပြလိုက်တယ်
"ကုသခင်လေးက ကျွန်တော့်ကို အကောင်းမြင်သွားတယ် သူမပြန်ခင် ကျွန်တော်နဲ့ ထပ်ဆုံမယ်လို့တောင် ပြောသွားသေးတယ်"

သူအမှန်တွေ ပြောနေတာပဲလေ။ သူကုဝေရဲ့ အတွင်းရေးမှူးနဲ့တွေ့ပြီး စာချုပ်မှာ သဘောတူကြောင်း လက်မှတ်ထိုးပြီးရင် သူတို့နှစ်ယောက်ကြားက လက်ထပ်ပွဲက အမှန်တကယ် ဖြစ်လာမှာပဲ။

မေမေယွီရဲ့ မျက်ဝန်းတွေက အနည်းငယ် ပြူးကျယ်သွားပြီး
"တကယ်လား? ဒါဆို အောင်မြင်ခဲ့တယ်ပေါ့?"

အောက်ထပ်ကို ဆင်းလာတဲ့ ဖေဖေယွီက ဒီစကားကိုကြားတော့ ချက်ချင်း အသံကျယ်ကြီးနဲ့ အော်မေးလာလေတယ်
"အောင်မြင်ခဲ့တယ်လား? မင်းနဲ့သခင်လေးကုက လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ကြပြီပေါ့?"

ယွီဖေးက သူ့ရှေ့က လူနှစ်ယောက်ကို စိတ်အေးအေးထားဖို့ လက်ဟန်အမူအရာတွေနဲ့တောင် ရှင်းပြလိုက်ရတယ်
"ကျွန်တော်တို့နှစ်ယောက် နည်းနည်းလောက် အချိန်ယူဖို့တော့ လိုဦးမယ်လေ"

ဖေဖေယွီရဲ့ အသံက အင်မတန် ပျော်ရွှင်နေပုံပေါ်တယ်
"အဖေသိတာပေါ့ အဖေတို့ ရှောင်ဖေးလေးက အရမ်း...စိတ်ထားကောင်းတာ ကုမိသားစုရဲ့ သားကတော့ သေချာပေါက်ကို မြင်မြင်ချင်း ချစ်သွားမှာပဲ"

ယွီဖေး "?" ဒီလို ကိုယ့်ကိုကိုယ် ယုံကြည်မှုကြီးက နည်းနည်းလွန်ကဲမနေဘူးလား။

"အမေ အဖေ ကျွန်တော်နည်းနည်း ပင်ပန်းလာလို့ အပေါ်တက်ပြီး နားတော့မယ်"
ယွီဖေးက အပေါ်ထပ်ကို ညွှန်ပြရင်း ပြောလိုက်တယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now