Chapter 55

15.6K 3.3K 970
                                    

Zawgyi

အတိတ်မေ့ရောဂါ

ထိခိုက်တယ်? ဘရိတ်ပေါက်သွားတယ်?

ကုဝေရဲ့ မျက်လုံးတွေဟာ ဖျတ်ခနဲ အရောင်ပြောင်းသွားတယ်။ ကြမ်းပြင်ပေါ်က သူ့ခြေထောက် ဘေးမှာတော့ ခုနက သူမတော်တဆ တိုက်ချမိသွားတဲ့ ဖန်ခွက်အပိုင်းအစတွေ ရှိနေပြီး ထိုဖန်ကွဲစတွေကို ရှင်းမလို့ ပြင်နေချိန်မှာပဲ ယွီဖေး အက်စီးဒင့်ဖြစ်တဲ့ သတင်းကို ကြားလိုက်ရတာကြောင့် သူ့နှလုံးသားထဲက စိုးရိမ်ပူပန်မှုတွေဟာ ကြီးထွားလာတော့တယ်။

ကုဝေက ချက်ချင်းထရပ်လိုက်ပြီး ရုံးခန်းအပြင်ကို ထွက်လာရင်း တစ်ချိန်တည်းမှာပဲ သူ့ရဲ့အတွင်းရေးမှူးတွေကို ခေါ်လိုက်ကာ အခုအချိန်ကစပြီး သူတို့တစ်ဦးချင်းစီအတွက် လုပ်ဆောင်ရမယ့် တာဝန်တွေကို တာဝန်ပေးအပ်ခဲ့တယ်။

ဒီအက်စီးဒင့်က သေချာပေါက် မရိုးရှင်းဘူး။ ဒါပေမယ့် အခုချိန်မှာ အရေးအကြီးဆုံးက ယွီဖေးရဲ့ လုံခြုံရေးပဲ။

ကုဝေ ရောက်လာတော့ ယွီဖေးက ခွဲစိတ်ခန်းထဲကို ရောက်သွားခဲ့ပြီ။ ကိုယ်ကာယ ကြံ့ခိုင်ရည် အပြည့်ရှိတဲ့ alphaတွေနဲ့ မတူစွာပဲ omegaတွေဟာ ပင်ကိုယ်သဘာဝကိုက အားနည်းကြတယ်။ ဒါကြောင့်မို့ နှစ်ယောက်လုံးဟာ အက်စီးဒင့် တစ်ခုတည်းကို အတူရင်ဆိုင်ခဲ့ရပေမယ့် ဒရိုင်ဘာကတော့ လုံးဝကို အဆင်ပြေနေပြီး ယွီဖေးကိုလည်း အချိန်မီ ကယ်တင်လိုက်နိုင်တယ်။ ဒါပေမယ့် ယွီဖေးကတော့ ကမ်းခြေပေါ် မရောက်ခင်ကတည်းက သတိလစ်သွားခဲ့တယ်။

ခွဲစိတ်ခန်းထဲက ပြန်ထွက်လာသည်ထိ ယွီဖေးက နိုးမလာသေးဘူး။ နောက်တစ်နေ့ ညနေခင်းထိ ယွီဖေးဟာ ကိုမာဝင်နေပြီးနောက် ဖြည်းဖြည်းချင်း သတိပြန်လည်လာတော့တယ်။

ကုဝေကတော့ သူလုပ်စရာရှိတဲ့ အလုပ်တွေကို လူနာခန်းထဲ ရွှေ့လိုက်ရပြီး လူနာကုတင်နဲ့ မျက်နှာချင်းဆိုင်က ယာယီအလုပ်စားပွဲမှာထိုင်ပြီး အလုပ်လုပ်နေခဲ့တယ်။

ဆေးရုံကုတင်ပေါ်က လှုပ်ရှားမှုလေးကို သတိထားလိုက်မိတော့ ကုဝေက ထရပ်လိုက်ပြီး ယွီဖေးရဲ့ဘေးကို လျှောက်သွားလိုက်တယ်။ ယွီဖေးရဲ့ မျက်လုံးတွေ ပွင့်လာတာကိုမြင်မှ ကုဝေဟာ စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချမိတော့တယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now