Chapter 26

22.5K 4.1K 291
                                    

Zawgyi

ဇာတ်ညွှန်းရေးခံရတာမဟုတ်ဘူးလား?

"ဒီအချိန်ကြီးမှာ တစ်ယောက်တည်း သောက်နေတာလား?"
ကုဝေက စာကြည့်ခန်းထဲ ဝင်လာပြီး ယွီဖေးရဲ့ဘေးမှာ ထိုင်ချလိုက်တယ်။ ကုဝေ စားပွဲပေါ်က ဝိုင်ပုလင်းကို ယူကြည့်လိုက်တော့ ပုလင်းထဲမှာဝိုင်က လေးပုံတစ်ပုံပဲ ကျန်တော့တယ်။

ယွီဖေး : "ခင်ဗျားလည်း အိပ်မပျော်ဘူးလား? အတူတူ သောက်ကြမလား?"

ကုဝေက ဘေးကဖန်ခွက် တစ်ခွက်ကို ယူလိုက်ပြီး ကျန်တဲ့ဝိုင်တွေကို သူ့ခွက်ထဲ အကုန်လောင်းထည့်လိုက်တယ်။

ယွီဖေးက သူ့ကို စိုက်ကြည့်လာပြီး : "ဘာလို့ ကျွန်တော့်ဝိုင်ကို ခိုးနေတာလဲ?"

ကုဝေ : "မင်းသောက်တာ များနေပြီ"

သူ့ဖန်ခွက်ထဲမှာလည်း ဝိုင်တွေကျန်သေးတဲ့အပြင် ဝိုင်နည်းနည်းလေး အတွက်နဲ့ ရန်မဖြစ်ချင်တာကြောင့် ယွီဖေးက နှုတ်ခမ်းကို သာသာလေး ဖိကိုက်လိုက်တယ်။ ပြီးတော့ သူ့ဖန်ခွက်ထဲက ဝိုင်နီကို တစ်ငုံသောက်လိုက်တယ်။

စာကြည့်ခန်းက ခဏကြာ တိတ်ဆိတ်သွားတယ်။

"ဘာလို့အိပ်မပျော်တာလဲ?"
ကုဝေက ဆိုဖာပေါ်မှာ သက်တောင့်သက်သာ မှီလိုက်ပြီး ယွီဖေးကို မေးလိုက်တယ်။

"ကျွန်တော်က ပြဿနာကောင်လို့ ထင်လား?"
ကုဝေရဲ့ အမေးကို မဖြေဘဲ ယွီဖေးက ပြန်မေးလိုက်တယ်။

"ဘာလို့ ဒီလိုပြောရတာလဲ?"
ဒီစကားကိုကြားတော့ ကုဝေက မှီနေရာကနေ ကျောမတ်သွားတော့တယ်။

ယွီဖေး : "ဒီတစ်ခေါက် အတိုင်ခံရတဲ့ ကိစ္စက ကျွန်တော့်ပြဿနာပဲ ဒါပေမယ့် ခင်ဗျားက ကျောင်းကိုလာပြီး ကျွန်တော့်ကို ကယ်တင်ပေးရတယ် ကျွန်တော်က ခင်ဗျားကို ဒုက္ခပေးနေတာပဲ ဒါ့အပြင် ဒီကိစ္စကြီးကို ကူညီဖြေရှင်းပေးဖို့လည်း ခင်ဗျားကို ထပ်ဒုက္ခပေးရသေးတယ် ကျွန်တော် စဉ်းစားမိတာက သဘောတူစာချုပ် ပါတနာတစ်ယောက်အနေနဲ့ ကျွန်တော် ဒီလိုဝန်ထုပ်ဝန်ပိုးကြီးကို ခင်ဗျားပုခုံးပေါ် တင်မပေးလိုက်သင့်ဘူး ခင်ဗျားကတော့ တာဝန်သိစိတ်နဲ့ ဖြေရှင်းပေးမှာပဲ ဒါက ခင်ဗျားအတွက် လုံးဝမတရားဘူး"

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now