Chapter 32

23.2K 4.1K 252
                                    

Zawgyi

ကလေးမွေးခြင်း

သူတို့နှစ်ယောက်ကြားက နီးကပ်လွန်းတဲ့ အပြုအမူတွေက ဘေးပတ်လည်က လူတွေအတွက် အရမ်းကို သိသာနေတယ်။

ကုမိသားစုရဲ့ ဆက်ခံသူ ဖြစ်လာမယ့် ကုဝေဟာ betaတစ်ယောက်နဲ့ လက်ထပ်လိုက်တယ်။ ဒီသတင်းက လက်ရှိကုမိသားစုဝင်တွေရဲ့ ကြားမှာ အလျင်အမြန် ပြန့်နှံ့သွားတော့တယ်။

ကုအိမ်တော်ကို ပြန်ရောက်တော့ ကုထျန်းရှန်းနဲ့ ဟယ်ရင်းရင်းရဲ့ ဘေးပတ်လည်မှာ ချက်ချင်း လူတွေဝိုင်းလာကြတယ်။

"ကုဝေက ဘယ်လိုလုပ်ပြီး betaတစ်ယောက်ကို လက်ထပ်လိုက်ရတာလဲ?"

"အဲ့တာက တကယ်ကြီးလား?"

"အကိုကြီးနဲ့ မရီးက ကုဝေ ဒီလိုရူးရူးမိုက်မိုက် အလုပ်တွေ လုပ်နေတာကို ဘာလို့ ခွင့်ပြုထားရတာလဲ?"

"Betaတစ်ယောက် ဘုရားရေ ကျွန်မဖြင့် တွေးတောင်မတွေးရဲဘူး"

"Betaတွေက ဘယ်တုန်းကမှ ကိုယ်ဝန်မဆောင်နိုင်ကြဘူးလေ မသိဘူးလား?"

"ရှောင်ဝေ့ကို အမြဲတမ်း တည်ငြိမ်ရင့်ကျက်ပြီး အားကိုးလို့ရပြီလို့ ထင်ခဲ့တာ ဒါပေမယ့် သူဒီနေ့လုပ်လိုက်တာကြောင့် တစ်ချိန်ကျရင် သူဦးဆောင်မယ့် ကုမိသားစုရဲ့ အနာဂတ်ကို ကျွန်မတော့ စိုးရိမ်နေမိပြီ အဲဒီ့အချိန်ကျရင် ဒီထက်ပိုပြီး တုန်လှုပ်စရာ ကိစ္စတွေ သူလုပ်လာတော့မယ်ထင်တယ်"

"အကိုကြီးနဲ့ မရီးရေ ကုမိသားစုရဲ့ ဂုဏ်သိက္ခာကို ကယ်တင်ဖို့အတွက် ကျွန်မတို့အနေနဲ့ ဒီလက်ထပ်ပွဲကို ဘယ်တော့မှ သဘောမတူနိုင်ဘူး"

"ဟုတ်တယ် ကျွန်တော်တို့ ကုဝေရဲ့ လက်ထပ်ပွဲကို ဘယ်လိုမှ အသိအမှတ် မပြုနိုင်ဘူး လက်ထပ်တာကို သူကြိုက်သလို လုပ်လို့ရတယ် ဆိုပေမယ့် ဒါက သူကုမိသားစုကို ဆက်ခံဖို့အတွက် အရမ်းငယ်သေးတယ် ဆိုတာကို သက်သေပြလိုက်တာပဲ"

.....

ပူပူနွေးနွေး ဆွေးနွေးပွဲကြီးကြောင့် ကုထျန်းရှန်းရဲ့ မျက်နှာက အချိန်တိုအတွင်းမှာ အမူအရာ အမျိုးမျိုး ပြောင်းလဲနေပြီး ဟယ်ရင်းရင်းကတော့ မျက်လွှာလေး အသာချကာ တစ်ယောက်တစ်ပေါက် ပြောသမျှတွေကို စိတ်ရှည်ရှည်နဲ့ နားထောင်ပေးနေတယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now