Chapter 60

22.4K 3.7K 699
                                    

Zawgyi

ဖျက်စီးခံရခြင်း

ဘာမှလုပ်စရာ မရှိဘဲ နန်းဝမ်ရှန်းကအိမ်မှာ ရက်အနည်းငယ် ကုန်ဆုံးပြီးနောက် ကိုယ်ပိုင်စာကြည့်ချိန်ရဲ့ အကျိုးသက်ရောက်မှုတွေဟာ နည်းပါးလာနေပြီ။ ထို့ကြောင့် ယွီဖေးဟာ သူဘယ်အချိန် ကျောင်းကိုပြန်သွားရမလဲလို့ ကုဝေကို မေးခဲ့တယ်။

ဒီကာလအတွင်းမှာ ကုဝေကလည်း ကုမ္ပဏီကို မသွားဘဲ ယွီဖေးနဲ့အတူ နန်းဝမ်ရှန်းက အိမ်မှာသာ နေလေတယ်။ ယွီဖေးကတော့ သူ့ကိုယ်သူ မှတ်ဉာဏ်အချို့ ပျောက်နေတာကလွဲပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်သေးတယ်လို့ ယုံကြည်ထားတာကြောင့် သူကျောင်းကို ပြန်သွားလိုက်ရင် ကုဝေလည်း ပုံမှန်အတိုင်း သူ့အလုပ်ကို ပြန်သွားနိုင်လိမ့်မယ်လို့ သူထင်တယ်။

လွန်ခဲ့တဲ့ ၅ရက်လုံး ယွီဖေးမှာ ဘာမှလုပ်စရာ ရှိမနေရင် ကုဝေကသူ့ကို တတိယထပ်ဆီ ခေါ်ခေါ်သွားပြီး ယွီဖေးရဲ့ ပထမဆုံး ရေကူးသင်စ အချိန်က မှတ်ဉာဏ်တွေကို ပြန်ရလာအောင် ကူညီပေးလေ့ရှိတယ်။ ထိုကူညီမှုရဲ့ အကျိုးဆက် သက်ရောက်မှုအဖြစ် ယွီဖေးဟာ ရေကူးခြင်းကို ထပ်ပြီးလျင်လျင်မြန်မြန် သင်ယူနိုင်ခဲ့တယ်။

ဒါပေမယ့် ကုဝေ စိတ်ပျက်မိတဲ့ အရာကတော့ ယွီဖေးမှာ အခုချိန်ထိ အဲဒီ့နေ့က ရေချိုးခန်းထဲမှာ ဖွင့်ဟဝန်ခံခဲ့ကြတဲ့ မှတ်ဉာဏ်တွေ ပြန်ရမလာသေးတာကိုပဲ။

"နောက်လ" ရေကူးကန်ဘေးမှာ ကုဝေက ယွီဖေးကို နောက်လဆို ကျောင်းပြန်တက်လို့ ရပြီဖြစ်ကြောင်း ကတိပေးနေလေတယ်။

လကုန်ဖို့ ရက်အနည်းငယ်ပဲ လိုတော့တာကြောင့် ယွီဖေးက ခေါင်းညိမ့်လိုက်ပြီး : "အိုခေ"

"ဒီနေ့တော့ တော်ကြရအောင် နားလိုက်ဦး"
ကုဝေက ယွီဖေးဆီ လျှောက်သွားလိုက်ပြီး လက်ဆန့်လိုက်ကာ ယွီဖေးကို ရေကူးကန်ထဲကနေ အပေါ်ကို ဆွဲတင်ပေးဖို့ ပြင်လိုက်တယ်။

ယွီဖေးက လက်မြှောက်ကာ ကုဝေရဲ့လက်ကို ဆွဲလိုက်ပေမယ့် ရေကူးကန်ထဲကနေတော့ ထွက်မလာခဲ့လေဘူး။ အဲဒီ့အစား ယွီဖေးက မျက်နှာမော့လိုက်ပြီး ကုဝေကို ညစ်တစ်တစ် ပြုံးပြလိုက်တယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now