Chapter 53

22.3K 3.9K 1.3K
                                    

Zawgyi

အခုချိန်လောက်ကောင်းတဲ့အချိန်မရှိနိုင်

လူသိရှင်ကြား ဖော်ထုတ်ခံလိုက်ရတဲ့အကြောင်း ကုဝေ ရှင်းပြတာကို နားထောင်ပြီးနောက် :  မီဒီယာတွေရှေ့မှာ ကုထျန်းရှန်းက စကားကို ဗလောင်းဗလဲ ပြောခဲ့တာကို သိလိုက်ရတော့ ယွီဖေးက ရှက်ရွံ့စွာနဲ့ သူ့မျက်နှာကို ကုတ်ခြစ်လိုက်တယ်။

"ကျွန်တော် သိပြီ တကယ်တော့ ကျွန်တော်တို့ ဆက်ဆံရေးအကြောင်း လူသိရှင်ကြား ထုတ်ပြောလိုက်လည်း ကျွန်တော့်အတွက် မထိခိုက်ပါဘူး"

အကယ်၍ ကုဝေက ကုအုပ်စုရဲ့ ဂုဏ်သိက္ခာကို ကယ်တင်ဖို့အတွက် သူတို့ရဲ့ ဆက်ဆံရေးကို လူသိရှင်ကြား ဖော်ထုတ်လိုက်တယ် ဆိုရင်တော့ သူနည်းနည်း စိတ်ပျက်မိမှာ အမှန်ပဲ။

"အခုအဆင်ပြေသွားပြီပဲ ကျွန်တော် မြင်တာကတော့ အင်တာနက်ပေါ်မှာ ကုအုပ်စုအတွက် လူတွေရဲ့ အမြင်က တော်တော်လေး လျော့ပါးသွားပြီ ဒီနည်းလမ်းက တကယ်ကို ထိရောက်တာပဲလေ ကျွန်တော် အဆင်ပြေပါတယ်"

သူ့စကားဆုံးတော့ ကုဝေက သူ့ကိုကြည့်လာပြီး လက်မြှောက်ကာ သူ့ခေါင်းလေးကို ပွတ်သပ်ပေးလာတယ် : "ကိုယ်ဒီကိစ္စကို တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းလိုက်ပါ့မယ် ဒါပေမယ့်မင်းက ဒီနေ့မှဘာလို့ ရုတ်တရက်ကြီး ကုမ္ပဏီမှာ ကိုယ့်ကိုလာရှာရတာလဲ? ကိုယ့်ကို လာစစ်ဆေးတာလား?"

ဘာကိုစစ်ဆေးရမှာလဲ... ယွီဖေးက အကြည့်လွှဲလိုက်ပြီး : "ကျွန်တော် လာချင်စိတ်ပေါက်လာလို့"

ကြည့်ရတာ သူကုမ္ပဏီကို ကုဝေဆီ သွားတဲ့အကြိမ်တိုင်း သူ့အတွက် မနှစ်မြို့စရာ ကိစ္စတွေနဲ့ပဲ အမြဲကြုံတွေ့လာရတတ်တယ် ထင်တယ်။ ဥပမာအားဖြင့် သူအရင်တစ်ခေါက်က ကုဝေကို အလုပ်ကနေ သွားကြိုတော့ ကောရှီနဲ့ တွေ့ခဲ့ရပြီး အဲဒီ့အချိန်တုန်းကလည်း သူကုဝေကို အထင်လွဲတော့မလို့ပဲ။

"ဟက်" ကုဝေက ခပ်ဖွဖွရယ်တယ်
"ဒါဆိုရင်တော့ မင်းနောက်ထပ်လည်း လာချင်စိတ်တွေ အများကြီး ထပ်ပေါက်လာမှထင်တယ်"

ယွီဖေး : "ကျွန်တော့်ကို ကုမ္ပဏီ မကြာခဏ လာစေချင်တာလား? ဘာလို့လဲ?"

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now