Chapter 37

23.2K 4.1K 573
                                    

Zawgyi

အသေးစိတ်ကျတဲ့စာချုပ်

အဆောက်အဦးကြီးရဲ့ ထိပ်ဆုံးထပ် ရုံးခန်းထဲက စားပွဲပေါ်မှာ ပစ်စလတ်ခတ် ပစ်တင်ခြင်း ခံထားရတဲ့ ဖုန်းလေးဟာ မက်ဆေ့ခ်ျတစ်စောင် ဝင်လာတာကြောင့် တုန်ခါလာခဲ့တယ်။

အနက်ရောင် လယ်သာဆိုဖာကြီးပေါ်မှာတော့ လူတစ်ယောက်က တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေပြီး ဖုန်းထဲဝင်လာတဲ့ မက်ဆေ့ခ်ျကို ထကြည့်ဖို့ ရည်ရွယ်ချက် ရှိပုံမပေါ်ဘူး။

ကုဝေက တစ်နေ့နေ့မှာ သူ့ရဲ့အဖိုးတန်လှတဲ့ အချိန်တွေကို ဒီလိုမျိုး အချစ်ပြဿနာတွေ ထိုင်ပြီးတွေးတောရင်း ကုန်ဆုံးနေရမယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး။

ကုမ္ပဏီမှာ ပြဿနာတော့ မရှိပေမယ့် လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကတည်းက သူရဲ့လက်အောက်ငယ်သားတွေက အရင်ကထက် သူ့ကိုပိုပြီး သတိထား ဆက်ဆံလာနေကြတယ်။

သူစဉ်းစားနေတာက : အကယ်၍ လူတစ်ယောက်က မင်းကိုပထမဆုံး စတွေ့ချိန်မှာ ပြုံးပြလာခဲ့မယ်ဆိုရင်၊ စားပြီးပြီလားလို့လည်း မေးခဲ့မယ်ဆိုရင်၊ တစ်ခါတစ်ရံ မင်းကိုခိုးကြည့်နေမယ်ဆိုရင်၊ ညသန်းခေါင်ကြီးမှာ မင်းအတွက် ခေါက်ဆွဲပြုတ်ပေးခဲ့မယ်ဆိုရင်၊ မင်းကိုရယ်မောစေခဲ့မယ်ဆိုရင်၊ မင်းနဲ့ရန်ဖြစ်ခဲ့မယ်ဆိုရင်၊ ပြီးတော့ တစ်ခါတစ်ရံမှာ မင်းကိုစိတ်ဆိုးခဲ့မယ်ဆိုရင်၊ ဒါပေမယ့် နောက်ဆုံးတော့လည်း မင်းနဲ့ပြန်အဆင်ပြေခဲ့မယ်ဆိုရင်၊ ထိုလူက မင်းကိုမယုံကြည်ဘူးလို့ ပါးစပ်က ပြောနေပေမယ့် သူ့အပြုအမူတွေကတော့ မင်းအပေါ်မှီခိုနေတာကို သိသာခဲ့မယ်ဆိုရင်။ အဲ့တာဆိုရင် သူကမင်းကို ကြိုက်နေတာမဟုတ်လို့ ဘာလဲ?

ကုဝေက ဒီလိုပြဿနာမျိုးကို ပထမဆုံး တွေ့ကြုံရတာဖြစ်လို့ တစ်စုံတစ်ယောက်က သူ့ကိုစိတ်မဝင်စားဘူး ဆိုတဲ့အချက်ကို လက်မခံနိုင်ဘူး ဒါပေမယ့်လည်းသူက ယွီဖေးကသူ့ကို မကြိုက်ဘူးဆိုတဲ့ အချက်ကိုပဲ လက်မခံနိုင်တာ။

ကောင်လေးက သူ့ကိုဘာလို့ မကြိုက်ရတာလဲ? သူကဘာဖြစ်နေလို့လဲ? သူ့အပြင် ယွီဖေးက တစ်ခြားalphaတွေကို ရွေးချယ်ချင်နေတာလား? သူ့ကိုအမှတ်အသားပေးဖို့ စာချုပ်ချုပ်မယ့် တစ်ခြားalphaတစ်ယောက်ကို ရှာမယ်လို့ ကောင်လေးက ပြောလိုက်တယ်မလား?

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now