Chapter 68

23.3K 3.5K 632
                                    

Zawgyi

လက်ထပ်ခွင့်

ဒီရက်တွေအတောအတွင်းမှာ ကုဝေဟာ တခါတရံ နာရီအနည်းငယ်ကြာထိ အပြင်ထွက်သွားလေ့ရှိတယ်။ ယွီဖေးက သူအလုပ်ရှုပ်နေတယ်လို့ ထင်တာကြောင့် ကုဝေကို ဘာသွားလုပ်တာလဲလို့ မမေးခဲ့ဘူး။ ကုဝေ အပြင်ထွက်သွားတိုင်း ယွီဖေးဟာ အိမ်မှာတစ်ယောက်တည်း သင်ခန်းစာတွေကို အပြန်ပြန် အလှန်လှန် လေ့ကျင့်နေလေ့ရှိတယ်။

ညစာစားပြီးတာနဲ့ နှစ်ယောက်သားဟာ ပုံမှန်အတိုင်း မြစ်ကမ်းနံဘေးကို လမ်းလျှောက်ထွက်လာခဲ့ကြတယ်။ ထိုအချိန် မလှမ်းမကမ်းက မြေကွက်လပ်လေးမှာ လူတွေစုရုံးစုရုံး ဖြစ်နေကြတာကို ယွီဖေး သတိထားမိလိုက်တော့ ကုဝေကို ဆွဲခေါ်ပြီး ထိုနေရာကို သွားကြည့်လေတယ်။

သေချာပေါက်ကို အရင်တုန်းက ကုဝေဆီမှာ ဒီလိုဆွဲခေါ်ခံရတဲ့ အဖြစ်မျိုး မရှိခဲ့လေဘူး။ ဒါပေမယ့် အခုတော့ ကုဝေဟာ သူ့ကိုဆွဲခေါ်သွားတဲ့ တစ်စုံတစ်ယောက် အနောက်ကနေ အသာလေး လိုက်သွားရတော့တယ်။ ကုဝေဟာ စိတ်ရှုပ်စရာကောင်းအောင် လမ်းဘေးဆီ ဆွဲခေါ်ခံရတာကို တစ်ခါမှ မပျော်ရွှင်ခဲ့ဖူးပေမယ့် အခုတော့ လမ်းဘေးမှာ တိတ်တိတ်လေးရပ်ရင်း ရိုးရှင်းပြီး ပြင်းထန်တဲ့ လမ်းဘေးဖျော်ဖြေပွဲကို ကြည့်နေရလေတယ်။

အရင်တုန်းက ကုဝေရဲ့ စည်းကမ်းအရတော့ ဒီလိုပွဲမျိုးတွေ ကြည့်တာက အချိန်ဖြုန်းတာလို့ပဲထင်တယ်။

ဒါပေမယ့် အခုတော့သူဟာ ဒီဖျော်ဖြေပွဲကနေ ဘဝရဲ့ စည်းချက်တွေကြားက စိတ်ဝင်စားစရာ ကောင်းတာတွေကို ဖြည်းဖြည်းချင်း ရှာတွေ့သွားလေတယ်။

သေချာပေါက်ကိုပဲ အရေးကြီးဆုံး အကြောင်းအရင်းကတော့ သူ့ကို ဒီလိုအရာတွေလုပ်ဖို့ ဆွဲခေါ်လာခဲ့တဲ့သူက ယွီဖေး ဖြစ်နေလို့ပဲ။

"ဝိုး ကြည့်ရတာ တစ်ယောက်ယောက်က လက်ထပ်ခွင့်တောင်းတော့မလို့ထင်တယ် ပန်းတွေရော၊ ဖယောင်းတိုင်တွေရော၊ တီးဝိုင်းတွေပါပါသေးတယ် အရမ်းကို ရိုမန့်တစ်ဆန်တာပဲ"
ယွီဖေးက ကုဝေလက်ကိုတွဲကာ လူအုပ်အပြင်မှာ မတ်တပ်ရပ်နေတာဖြစ်ပြီး အလယ်မှာ ကောင်မလေးတစ်ယောက် တယောတီးနေတာကိုတွေ့တော့ ယွီဖေး စူးစမ်းချင်သွားပြီး မျှော်လင့်တကြီးနဲ့ : "သွားကြည့်ရအောင်"

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now