Chapter 71

26.3K 3.3K 562
                                    

Zawgyi

ကမ္ဘာဆုံးထိတိုင်
(final chapter)

ကုအုပ်စုရဲ့ ဥက္ကဌဖြစ်သွားချိန်ကစပြီး ၂၄နာရီကြာသည်ထိ ဘယ်သူကမှ ကုဝေနဲ့ အဆက်အသွယ် မရခဲ့ကြဘူး။ ဒါကြောင့် ကုဝေ ဖုန်းပြန်ဖွင့်လိုက်တာနဲ့ missed callတွေ တသီကြီးတွေ့လိုက်ရပေမယ့် သူမအံ့ဩခဲ့လေဘူး။

"Heatကာလဝင်နေလို့၊ လာမရှုပ်ကြနဲ့"

သူ့ရဲ့chat groupထဲမှာ ဒီmessageတစ်စောင် တင်ပြီးတာနဲ့ ကုဝေက ဖုန်းပြန်ပိတ်လိုက်ပြီး ယွီဖေးအတွက် စားစရာပြင်ပေးဖို့ အောက်ဆင်းသွားလိုက်တယ်။

သူ့ရဲ့messageက လူတွေရဲ့ အာရုံစိုက်မှု ဖြစ်သွားမှာကို သူလုံးဝဂရုမစိုက်ခဲ့ဘူး။ အခုတော့ ထိုmessageကြောင့် သူ့မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကြားထဲမှာ ပွက်လောရိုက်သွားကြတော့တယ်။

သူမရဲ့သားအကြီးဆုံးအိမ်မှာ ညစာစားနေတဲ့ ဟယ်ရင်းရင်းဟာ ကုထျန်းရှန်းဆီမှ ဖုန်းတစ်ကောလ် လက်ခံရရှိခဲ့လေတယ်။

"မင်း ကုဝေနဲ့ ဘာတွေလုပ်နေတာလဲ? ကုဝေက တကယ်ကြီး သူ့ရဲ့လိင်အမျိုးအစားကို ပြောင်းလိုက်တာလား?"

ဟယ်ရင်းရင်းရဲ့ ပါးစပ်ထဲမှာ ထမင်းတွေအပြည့်ရှိနေပြီး တစ်ဖက်က ကုထျန်းရှန်းရဲ့ စကားကိုကြားတော့ သူမရဲ့ဆယ်စုနှစ်များစွာ ထိန်းသိမ်းလာခဲ့တဲ့ အိနြေ္ဒသိက္ခာတွေကို သတိမထားနိုင်တော့ဘဲ သူမပါးစပ်ထဲက ထမင်းတွေကို ထွေးထုတ်မိလုနီးပါးပဲ။

"ရှင်ဘာတွေလာပြောနေတာလဲ?"

ကုထျန်းရှန်းက ဒီလိုပြောပြီးတော့ သူ့စကားတွေက အလွန်ယုတ္တိမတန်ဘူးလို့ ခံစားမိတာကြောင့် : "သူက သူ့ကိုယ်သူ heatကာလဝင်နေတယ်လို့ ပြောလာတော့ ကုဝေက omegaအဖြစ် ပြောင်းသွားတယ်လို့ ငါထင်လိုက်တာ"

"..." ဟယ်ရင်းရင်းက ဘာမှပြန်မပြောဘဲ တန်းဖုန်းချပစ်လိုက်တယ်။

သူမ ကုဝေဆီ ဖုန်းခေါ်ခဲ့ပေမယ့် ဘယ်သူကမှ ဖုန်းမကိုင်ခဲ့ဘူး။ ထို့နောက် သူမရဲ့သားကြီးက သူမကို group chatထဲ ဝင်စစ်ကြည့်ဖို့ သတိပေးလာမှသာ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေရဲ့ groupထဲမှာ အသစ်တင်ထားတဲ့ ကုဝေရဲ့စာကို သတိပြုမိခဲ့လေတယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now