Chapter 43

23.7K 4.1K 402
                                    

Zawgyi

စိတ်ကျေနပ်သွားခြင်း

မထိန်းချုပ်နိုင်တော့ခြင်းရဲ့ အဆုံးသတ်မှာ ယွီဖေးက မေးပင့်လိုက်ပြီး ပြင်းထန်စွာ အဆက်မပြတ် ခုန်လှုပ်နေတဲ့ သူ့ရဲ့နှလုံးခုန်သံတွေကိုပါ ပြန်ကြားနေရသလိုပဲ။
ဒါက ပေါင်းစည်းခြင်း အမှတ်အသားလေး ဆိုပေမယ့် သူခံနိုင်ရည်မရှိဘူး။ အကယ်၍ သူအစစ်အမှန်သာ အကိုက်ခံရတော့မယ်ဆိုရင် ဘယ်လိုဖြစ်သွားနိုင်မလဲ?
(ယာယီအမှတ်အသားပေးတာနဲ့ ဆင်တူပေမယ့် လည်ပတ်ပေါ်ကနေ ကိုက်တဲ့အတွက်
ယာယီအမှတ်အသားတော့ မဟုတ်ပါဘူးတဲ့)

ယွီဖေးက အသွင်ပြောင်းခြင်း ကာလမှာပဲ ရှိသေးတာကိုသိတော့ ကုဝေက သူ့ကိုအများကြီး ပင်ပန်းသွားအောင် မလုပ်ရဲဘူး။ သူ့သွားတွေကို ကောင်လေးရဲ့ ဖုံးထားတဲ့ glandပေါ်ကနေ ခွာလိုက်ပြီး လည်ပတ်ကို ပြန်ချွတ်ပေးလိုက်တယ်။ သူ့လက်မောင်းကြားထဲက ကောင်လေးရဲ့ ပါးပေါ်မှာ ချွေးတွေစီးကျနေတာကိုတွေ့တော့ သူ လက်မြှောက်လိုက်ပြီး အသာအယာ သုတ်ပေးလိုက်တယ်။

ယွီဖေးရဲ့ ခေါင်းပေါ်က ဆံသားတွေဟာလည်း ချွေးတွေကြောင့် စိုကပ်နေပြီး သူဟာ အိပ်ရာခေါင်းရင်းကို လက်ချောင်းလေးတွေနဲ့ တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း သူ့စိတ်တွေ ပြန်တည်ငြိမ်စေရေးအတွက် အသက်ကို အမောတကော လုရှူနေမိတယ်။

တစ်ခါပြီးတစ်ခါ သည်းခံခဲ့ပြီးပြီ ဒီတစ်ခါမှာတော့ သူတကယ်ကို သည်းမခံနိုင်တော့တာကြောင့် ကုဝေကို တွန်းလွှတ်လိုက်ပြီး ကြောက်စရာကောင်းအောင် ပြောလိုက်တယ် : "ဒီညခင်ဗျား ဆိုဖာပေါ်မှာ သွားအိပ်"

ယွီဖေးဟာ သူ့အသံက အရမ်းကြီး ကြမ်းတမ်းခက်ထန်နေလိမ့်မယ်လို့ တွက်ဆထားပေမယ့် တကယ့်တကယ်မှာတော့ သူ့မှာအားအင်တွေ အပြည့်အဝ ပြန်မရသေးတာကြောင့် သူ့အသံက ပုံမှန်မဟုတ်ဘဲ ကလေးလေးတစ်ယောက် စိတ်ဆိုးစိတ်ကောက်နေသလို ပြုမူမိသွားတယ်။

ဒီနေ့သူ တော်တော်လွန်သွားတာကို ကုဝေကသိတော့ အရမ်းကို စိတ်သဘောထား ပြည့်ဝစွာနဲ့ ပြန်ပြောလာတယ် : "အိုခေ ဒါဆိုရင် မင်းလည်း စောစောအိပ်သင့်တယ်"

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now