Chapter 35

23.4K 4.2K 374
                                    

Zawgyi

Genderပြောင်းလဲခြင်း

လှိုင်လှိုင်ထနေတဲ့ ရနံ့တွေကြောင့် ယွီဖေးက နောက်ဆုံးတော့ သူ့pheromoneနံ့ကို အနံ့ရခဲ့တယ်။

ချိုမြိန်တဲ့ အနံ့ယဲ့ယဲ့လေး...

သူ့ဂုတ်ပေါ်က တစ်နေရာက အရမ်းပူလောင်လာပြီး သူ့ကို သည်းမခံနိုင်လောက်အောင် ဖြစ်စေတယ်။

မဖြစ်ဘူး ဒီအတိုင်းသာ ဆက်သွားနေရင် သူပူလောင်ပြီး သေသွားရတော့မယ်။

ဒါကိုစဉ်းစားမိပြီး ယွီဖေးက အိပ်ရာပေါ်ကထကာ အခန်းနံရံကိုမှီရင်း အားနည်းနေတဲ့ ခြေလှမ်းတွေနဲ့ ရေချိုးခန်းထဲကို သွားလိုက်တယ်။ ရေချိုးဇလုံထဲမှာ ဝင်ထိုင်လိုက်ပြီး ရေပန်းကို ဖွင့်ချလိုက်တယ်။

ရေအေးတွေက သူ့ခေါင်းပေါ်ကို စီးကျလာပြီး သူ့ရဲ့ကိုယ်တွင်း အပူချိန်ကို ခဏတာ သက်သာစေတယ်။

ခေါင်းစောင်းလိုက်ပြီး ရေချိုးဇလုံ အစွန်းမှာမှီကာ မျက်လုံးတွေက မှေးစင်းနေပြီး အခုချိန်မှာ ဘာမှကို မစဉ်းစားနိုင်တော့လောက်အောင်ကို ဦးနှောက်ထဲမှာလည်း ရှုပ်ထွေးနေတယ်။

.....

Pheromoneတွေ အများအပြား စိမ့်ထွက်လာမှုက အခုထိ စာကြည့်ခန်းထဲမှာ အလုပ်လုပ်နေသေးတဲ့ ကုဝေကို သတိပေးလာခဲ့တယ်။

အခုအဖြစ်အပျက်အရ ယွီဖေးရဲ့ လက်ရှိအခြေအနေက မတည်ငြိမ်သေးဘူးဆိုတာ သိသာနေတယ်။ သေသေချာချာ မကိုင်တွယ်နိုင်ရင် တစ်စုံတစ်ရာ အန္တရာယ် ဖြစ်သွားမလားဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။

အကျဉ်းချုံး စဉ်းစားပြီးတဲ့နောက်မှာ ကုဝေက ချောင်စီ့ကို ဖုန်းခေါ်လိုက်တယ်။

"နန်းဝမ်ရှန်းကအိမ်ကိုလာခဲ့ ငါဆေးရုံကို သွားချင်တယ်"

ခဏကြာပြီးနောက်မှာ ကုဝေက ထပ်ပြောလာတယ် : "တားဆေးတစ်ချို့နဲ့ pheromoneအနံ့ပျောက်စေတဲ့ စပရေးတစ်ချို့ကိုလည်း ပြင်ဆင်ထားလိုက်"

"တကယ်လို့ ငါဆင်းမလာရင် အပေါ်ထပ်ကို တန်းတက်လာခဲ့"

ပြီးတဲ့နောက်မှာတော့ သူကထန်းယွီကိုပါ ဖုန်းခေါ်လိုက်တယ် : "ဆေးရုံကို ဖုန်းလှမ်းဆက်ပြီး ပြင်ဆင်ခိုင်းထားလိုက် betaနဲ့ omegaတွေရဲ့ pheromoneတွေကို စမ်းသပ်လေ့လာနေတဲ့ ကျွမ်းကျင်ပညာရှင်တွေ လိုချင်တယ် ယွီဖေးက သူတို့ကို လိုလိမ့်မယ်"

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now