Chapter 31

22.8K 4K 293
                                    

Zawgyi

ချစ်ခင်ကြင်နာခြင်း

အရမ်းချိုတယ် အဲ့တာဘာအနံ့လဲ? ယွီဖေးက ရှုပ်ထွေးနေခဲ့တယ်။

"သကြားလိုမျိုး ချိုတာလား?"

Betaတွေ heatအတုဝင်တဲ့ ကိစ္စကို ကုဝေ တစ်ခါမှ မကြုံဖူးဘူး။ Alphaတွေ omegaတွေကတော့ အမြဲတမ်း သူတို့ကိုယ်ပိုင် pheromoneအနံ့တွေကို အနံ့ရကြတယ် : "မင်းရဲ့ pheromoneအနံ့ကို မင်းဘာလို့မသိရတာလဲ? မနေ့က အနံ့မရဘူးလား?"

ယွီဖေး : "ကျွန်တော်မသိဘူး မနေ့က ကျွန်တော်ရတဲ့ အနံ့တွေက အများကြီး ရှုပ်ထွေးနေတယ် အဲဒီ့မှာ အရမ်းပြင်းတဲ့ ထင်းရှူးနံ့လည်းရှိပြီး တစ်ချို့ပန်းအမျိုးအစားတွေရဲ့ အနံ့တွေရောပဲ... ကျွန်တော်မှတ်မိတာကတော့ ထင်းရှူးနံ့က ခင်ဗျား ဆွတ်လေ့ရှိတဲ့ ရေမွှေးနံ့ဆိုရင် ပန်းနံ့က ကျွန်တော့်ဟာလား? ဒါပေမယ့် ခင်ဗျားပြောတော့ ချိုတယ်ဆို?"

"ကိုယ်ဆွတ်တဲ့ ရေမွှေးနံ့?"
ပုံမှန်မဟုတ်တာကို သတိပြုမိတော့ ကုဝေ ကျောမတ်သွားတယ်
"အရင်ကတည်းက မင်းကိုယ့်ဆီက ထင်းရှူးနံ့ကို အနံ့ရနေတာလား?"

ယွီဖေး : "အင်း ကျွန်တော် အမြဲတမ်း ခင်ဗျားဆီက ရေမွှေးရဲ့brandကို မေးချင်နေခဲ့တာ အနံ့လေးက တကယ်ကိုကောင်းတယ်"

ဒါကိုကြားတော့ ကုဝေက မျက်မှောင်ကြုပ်လိုက်တယ်။ ထင်းရှူးနံ့က သူ့ရဲ့pheromoneနံ့ပဲ။ ပုံမှန်အခြေအနေမှာဆို ယွီဖေးက အနံ့ရဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ကောင်လေးက အနံ့ရနေတယ်။ ဒါ့အပြင် အဲ့တာကို သူဆွတ်တတ်တဲ့ ရေမွှေးနံ့လို့တောင် အထင်လွဲနေသေးတယ်။

"ဘာဖြစ်လို့လဲ?"
ကုဝေရဲ့ အမူအရာက တစ်ခုခုတော့ မှားနေပြီဆိုတာ ယွီဖေး သတိပြုမိခဲ့တယ်။

ကုဝေ အချက်အလက်တွေ အားလုံးပေါင်းလိုက်ပြီး တွက်ထုတ်ကြည့်လိုက်တော့ ဖြစ်နိုင်ချေနှစ်ခု ထွက်လာတယ်။ ပထမတစ်ခုက ယွီဖေးကbeta ဒါပေမယ့်သူက တစ်ခြားAlphaတွေ omegaတွေလိုမျိုး pheromoneတွေကို အနံ့ရနိုင်တယ်။ ဒုတိယတစ်ခုကတော့ ယွီဖေးက betaယောင်ဆောင်နေတဲ့ omega ဒါပေမယ့်သူက pheromoneနံ့ကို ရေမွှေးနံ့လို့ ထင်နေတယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now