Chapter 08

25.7K 4.1K 120
                                    

Zawgyi

လက်ထပ်ကြခြင်း

နောက်တစ်နေ့ မနက်မှာ ယွီဖေးဟာ အိမ်ကနေ စောစောထွက်လာခဲ့တယ်။ ကားပါကင်မှာ ရပ်ထားတဲ့ ကားတစ်ချို့က ရှိနေတုန်းပဲ။ စာအုပ်ထဲက ယွီဖေးကတော့ မောင်းနိုင်ပေမယ့် လက်ရှိယွီဖေးကတော့ လုံးဝမမောင်းတတ်ဘူး။ ပြီးတော့သူ့မှာ ကားမောင်းသင်ဖို့ အချိန်လည်း မရှိဘူး။

ဘယ်သူကမှ သူ့ကိုသံသယ မဖြစ်အောင် ယွီဖေးက မေမေယွီ့ကို လေ့ကျင့်ခန်း လုပ်ပြီးသားဖြစ်အောင် စက်ဘီးနဲ့ပဲ သွားမယ်လို့ ပြောခဲ့တယ်။ ထိုစက်ဘီးက ထမင်းချက်အန်တီကြီး သူတို့(ယွီဖေးတို့)အိမ်ကနေ အပြင်ကို မကြာမကြာ စားသောက်ကုန်တွေ သွားဝယ်တိုင်း အသုံးပြုတတ်တဲ့ ဘီးဖြစ်တယ်။

ယွီဖေးက မြေအောက်ရထား ဘူတာရုံမှာ စက်ဘီးရပ်ခဲ့ပြီး လက်မှတ်ဝယ်ကာ လုံခြုံရေးဂိတ်ကို လွယ်လွယ်ကျော်ဖြတ်လာခဲ့တယ်။ ပြီးတာနဲ့ မြေအောက်ရထားပေါ်က ထောင့်တစ်နေရာမှာ ထိုင်စရာ တွေ့တာကြောင့် ဝင်ထိုင်လိုက်တယ်။

ကြည့်ရတာ သိပ်မကြာခင်သူ ဒရိုင်ဘာတစ်ယောက်ခန့်ဖို့ လိုအပ်နေပြီထင်တယ်။ ယွီဖေးက ဖုန်းပွတ်နေရင်း တွေးနေခဲ့တယ်။

ချိန်းထားတဲ့ နေရာကိုရောက်တော့ ထန်းယွီက အပေါက်ဝမှာ စောင့်နေတာကို သူတွေ့လိုက်ရတယ်။

"အတွင်းရေးမှူးထန်း?"

ယွီဖေးလာနေတာကို မြင်တော့ ထန်းယွီက ကမန်းကတန်း နှုတ်ဆက်လာတယ် :
"မင်းဘာလို့ အခုချိန်မှ ရောက်လာရတာလဲ?"

ယွီဖေး : "ဘူတာရုံမှာ အချိန်နည်းနည်း ကြာသွားလို့ပါ"

ဘူတာရုံ? ထန်းယွီက ခဏတာ ကြောင်သွားခဲ့ပေမယ့် အသေးစိတ်တော့ မမေးခဲ့ဘူး : "မစ္စတာကုက မင်းကိုစောင့်နေတာ ကြာပြီ အထဲဝင်ရအောင်"

ယွီဖေး : "အိုခေ"

ခန်းမထဲကို ရောက်တာနဲ့ ယွီဖေးက တစ်ဖက်မှာထိုင်ပြီး သူ့ကိုစောင့်နေတဲ့ ကုဝေကို ချက်ချင်းတွေ့လိုက်ရတယ်။ ဘေးမှာ ထိုင်နေကြတဲ့ အတွဲတွေနဲ့ ယှဉ်လိုက်ရင် ကုဝေက ဒီနေရာကနေ လုံးဝကွဲထွက်နေတယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now