Chapter 69

19.4K 3.1K 149
                                    

Zawgyi

ရှယ်ယာရှင်အစည်းအဝေး

Omegaတွေရဲ့ ပထမဆုံး heatကာလက သဘာဝအတိုင်းပဲ ဖြစ်ပေါ်တာကြောင့် သူတို့နှစ်ယောက်ဟာ အရာအားလုံး လုပ်ပြီးကြတာတောင်မှ ကုဝေက ယွီဖေးရဲ့ heatကာလ သဘာဝအတိုင်း ဖြစ်ပေါ်လာမှာကို အဆင့်မတက်ဘဲ ချုပ်ထိန်းရင်း စောင့်နေခဲ့တယ်။ ဒါ့အပြင် ကုဝေဟာ တမင်တကာ pheromoneတွေကို အသုံးပြုပြီး အမြန်heatဖြစ်လာအောင် တိုက်တွန်းတာမျိုးလည်း မလုပ်ခဲ့လေဘူး။

ဒါပေမယ့် ဒီစဦးပိုင်းheatကာလက အရမ်းကို ရှည်ကြာနေခဲ့တယ်...

ယွီဖေးနေတဲ့ ကွန်ဒိုအခန်းလေးရဲ့ ထောင့်တိုင်းမှာ သူတို့နှစ်ယောက် ရင်းနှီးခဲ့တဲ့ အမှတ်တရတွေ ပြည့်သွားတဲ့အထိ ယွီဖေးရဲ့ heatကာလက မရောက်လာသေးဘူး။

ဒါပေမယ့် ကုအုပ်စုရဲ့ ရှယ်ယာရှင် အစည်းအဝေးကတော့ ရောက်လာခဲ့ပြီ။

"ကျွန်တော်က ဘာလုပ်ရမှာလဲ?"

ကုဝေရဲ့ တစ်ချက်လွှတ် အမိန့်ကြောင့် အထူးချုပ်လုပ်ထားတဲ့ အနောက်တိုင်းဝတ်စုံလေးကိုဝတ်ရင်း ကုဝေနဲ့အတူ ကုအုပ်စုထဲ လိုက်လာခဲ့ရတဲ့ ယွီဖေးက အသံတိုးတိုးလေးနဲ့ ကပ်မေးလိုက်တယ်။

ကုအုပ်စုရဲ့ ဝန်ထမ်းတွေက မတုန်မလှုပ် အေးစက်စက်နဲ့ ကြောက်ဖို့ကောင်းတဲ့ သူတို့ရဲ့ဘော့စ်ဟာ သူ့ဘေးက ကောင်လေးဆီကို မျက်နှာမူပြီး သဘောကျနေတဲ့ အပြုံးလေးနဲ့ အကြည့်တွေဟာလည်း နူးညံ့သိမ်မွေ့ဟန် အရိပ်အယောင်တွေ လွှမ်းခြုံနေတာကို အရင်တစ်ခါမှ မမြင်ဖူးဘဲ သူတို့ဘဝမှာ ပထမဆုံးအနေနဲ့ တွေ့လိုက်ရလေတယ်။

"ဘာမှလုပ်စရာ မလိုပါဘူး ကိုယ့်အနားမှာ ထိုင်နေရုံပဲ"

ယွီဖေး : "အိုခေလေ"

ထန်းယွီနဲ့ ချောင်စီက အနောက်က လိုက်လာပြီး သူတို့နောက်မှာတော့ ကုအုပ်စုရဲ့ ရှေ့နေအဖွဲ့ဖြစ်တယ်။

အားပြင်းတဲ့ လေထုနဲ့ လူတစ်စုဟာ အစည်းအဝေးခန်းထဲကို ဝင်သွားကြလေတယ်။

ထိုကြီးမားခန့်ညားတဲ့ လူတစ်စုဟာ ထောင့်ချိုးတစ်ခုမှာ ပျောက်ကွယ်သွားတာနဲ့ မရေမတွက်နိုင်တဲ့ အတင်းပြောသံတွေဟာ နဂိုက ငြိမ်သက်နေတဲ့ ခန်းမထဲမှာ ရုတ်တရက် ထွက်ပေါ်လာတော့တယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now