Chapter 11

24.6K 4K 117
                                    

Zawgyi

ပရော်ဖက်ရှင်နယ်ဆန်ရမယ်

နောက်တစ်နေ့ ညနေခင်းမှာ ယွီဖေးက ကုဝေသူ့ကို ပြောထားတဲ့ ကျောင်းနားက တိုက်ခန်းဆီ သွားခဲ့တယ်။

သူရောက်တာနဲ့ ထန်းယွီသူ့ကို ပေးထားတဲ့ ကုတ်တွေနဲ့ တံခါးလော့ခ်ကို ဖွင့်လိုက်တယ်။ ပြီးတော့ အိမ်ထဲကို ဝင်လိုက်တာနဲ့ ရင်းနှီးနေတဲ့ အန်တီချန်ကို တွေ့လိုက်ရတယ်။

"မစ္စတာယွီ အိမ်ပြန်လာပြီပဲ"

အန်တီချန်ကသူ့ကို နွေးနွေးထွေးထွေး နှုတ်ဆက်လာတယ်။

ယွီဖေးက အနည်းငယ် အံ့ဩသွားပြီး : "အန်တီချန်က ဒီမှာပဲ နန်းဝမ်ရှန်းက အိမ်ကရော?"

အန်တီချန် : "မင်းကဒီမှာဆိုတော့ အန်တီလည်း နန်းဝမ်ရှန်းမှာ နေစရာမလိုတော့ဘူးလေ ဟုတ်တယ်မလား? အန်တီဒီကိုလာတာက မင်းအတွက် ချက်ပြုတ်ပေးဖို့လေ"

ယွီဖေး : "မစ္စတာကုကရော?"

အန်တီချန် : "မစ္စတာကုက ဘယ်တုန်းကမှ အိမ်မှာမစားဘူး"

ယွီဖေးက အံ့အားသင့်သွားပြီး : "အဲ့လိုလား"

"အတွင်းရေးမှူးထန်းက ပထမဆုံးနေ့ကတည်းက အန်တီ့ကို ပြောထားတာ မစ္စတာကုအတွက် ချက်ပေးစရာ မလိုဘူးတဲ့လေ အန်တီထင်တာကတော့ မစ္စတာကုက အိမ်ပြန်မလာခင် သူ့ရဲ့စီးပွားရေး မိတ်ဖက်တွေနဲ့ အပြင်မှာ ညစာစားတတ်တာနေမယ်"
လို့ အန်တီချန်က ရှင်းပြခဲ့တယ်။

ယွီဖေးက ခေါင်းညိမ့်မိပေမယ့် ကုဝေရဲ့ စီစဉ်မှုတွေအတွက် သူအံ့အားသင့်နေတုန်းပဲ။

သိသာစွာပဲ အန်တီချန်ကို သူ့အတွက် ချက်ပြုတ်ပေးဖို့ အလုပ်ခန့်ထားတာပဲ။

ကုဝေက ကုမိသားစုရဲ့ တရားဝင် အမွေဆက်ခံသူဖြစ်ဖို့ ထိုက်တန်တယ်ဆိုတာ သေချာတယ်။ ထိုလူက ယွီဖေး မထင်ခဲ့တဲ့ ကိစ္စသေးသေးလေးတွေကိုတောင်မှ အမျှော်အမြင်ကြီးစွာ စီမံနိုင်တယ်။

ဒါက ချမ်းသာတဲ့ အကြီးအကဲတစ်ယောက်က လူတိုင်းရဲ့ နှလုံးသားကိုရဖို့ နည်းလမ်းများလား? သူ့ရဲ့ အတိတ်တုန်းက သူဋ္ဌေးတွေ အကြောင်းကို ပြန်တွေးမိတော့ သူတို့တွေက လူတွေရဲ့ ခွန်အားတွေ ပြုန်းတီးစေဖို့ ပင်ပင်ပန်းပန်း ခိုင်းကြဖို့လောက်ပဲ အသိရှိကြတာ။ ဒါ့ကြောင့် သူတို့ရဲ့ စီးပွားရေးတွေ မတိုးတက်ဘဲ ကုမ္ပဏီမှာ အမှာစာတွေ မရတော့တာ အံ့ဩစရာတော့ မဟုတ်ဘူး။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now