Chapter 23

22.8K 4.2K 685
                                    

Zawgyi

အတိုင်ခံရခြင်း

ကုမိသားစုမှာ ကြီးပြင်းလာတဲ့ ကုဝေအတွက် လူတွေရဲ့ ဆက်ဆံရေးကနေ ဘယ်လိုအကျိုးအမြတ် ယူရမလဲဆိုတာ ကျင့်သားရနေပြီဖြစ်တယ်။ လုကျန်းရဲ့က သူ့ကိုမြေးအရင်းလို ဆက်ဆံတယ်ဆိုပေမယ့် အကယ်၍သူသာ ကုမိသားစုရဲ့မြေး alphaတစ်ယောက် မဟုတ်ခဲ့ဘူးဆိုရင် အဖိုးကုကသူ့ကို တန်ဖိုးထားမှာ မဟုတ်သလို လုကျန်းရဲ့ကလည်းသူ့ကို လှည့်တောင်ကြည့်မှာ မဟုတ်ဘူး။

သူကဒါတွေအားလုံးကို သိထားပေမယ့် တကယ်တမ်း သဘောထား ကွဲလွဲမှုတွေ ဖြစ်လာတဲ့အခါ လူတွေက အကျိုးအမြတ်ကိုပဲ တွက်ချက်ကြတာပဲ။ သူ့မျိုးရိုးနာမည်က ကုဖြစ်ဖြစ် လုဖြစ်ဖြစ် သူကမြေးဟုတ်ဟုတ် မဟုတ်ဟုတ် ကွာခြားမှုတွေက လုံးဝကိုထင်ရှားတယ်။ ကုဝေက အခုချိန်မှာ အရမ်းကို မပျော်မရွှင် ဖြစ်နေတယ်။

"ဒါဆို... ကျွန်တော်အရင် ပြန်နှင့်တော့မယ်"

ယွီဖေးက ဖုန်းအသစ်တွေကို စားပွဲပေါ် တင်လိုက်ပြီး သတိရှိရှိ ပြောလိုက်တယ်။

ကုဝေက ခေါင်းညိမ့်လိုက်ပြီး သူ့ကိုသွားခွင့်ပေးမယ်လို့ ထင်ထားခဲ့ပေမယ့် အတွေးထဲမှာ နစ်မျောနေတဲ့ ကုဝေကသူ့ကို ရုတ်တရက်ကြီး မျက်လုံးပင့်ကာ စိုက်ကြည့်လာမယ်လို့ မျှော်လင့်မထားဘူး။ အဲဒီ့အချိန်အတွင်း ကုဝေရဲ့ အကြည့်တွေက သားရဲတစ်ကောင်လို စူးရှနေပြီး ယွီဖေး အန္တရာယ်ရှိတဲ့ ခံစားချက်ကို ခံစားလိုက်ရတယ်။

ကုဝေက သတိရလိုက်တယ် သူတို့ပထမဆုံး တွေ့ဆုံချိန်မှာ ယွီဖေးဖက်က အရင်စတင် ညှိနှိုင်းခဲ့ပြီး ကောင်လေးက ငယ်သေးပေမယ့် အတွေ့အကြုံများချင်ယောင်ဆောင်နေတာကို။

"ကိုယ်နေလို့မကောင်းဘူး"
ကုဝေက ပြောလိုက်တယ်။

ယွီဖေး : "ဟမ်?"

"ဘေးထွက်ဆိုးကျိုးတွေလေ"
ကုဝေက ကောင်လေးရဲ့ မျက်လုံးတွေထဲကို ကြည့်လိုက်ပြီး လက်ဆန့်ထုတ်လိုက်တယ်
"ဒီကိုလာပါဦး"

ယွီဖေးက နောက်တစ်လှမ်း ဆုတ်လိုက်ပြီး : "ကျွန်တော် ပစ္စည်းတွေ ရွှေ့နေတာ မပြီးသေးဘူး ခင်ဗျားနေလို့မကောင်းရင် အစ်မချန်ကို ဆရာဝန် ခေါ်ပေးဖို့ ကျွန်တော် ပြောလိုက်မယ်"

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now