Chapter 18

23.1K 4K 481
                                    

Zawgyi

အစားထိုးခြင်း

ယွီဖေးက စာအုပ်တွေကို ကော်ဖီစားပွဲပေါ်မှာ ထပ်ထားထားတယ်။ ကုဝေက ဖန်ခွက်ကို စာအုပ်တွေဘေးမှာ တင်ထားလိုက်ပြီး သူ့ခြေထောက်ရှည်တွေကိုကွေးကာ ကော်ဇောပေါ် ထိုင်ချလိုက်တယ်။

ထိုင်ချပြီးတော့မှ ကုဝေမသက်မသာ ခံစားလိုက်ရတယ်။ သူအရွယ်ရောက်ပြီးနောက်ပိုင်း ကြမ်းပြင်ပေါ်မှာ ထိုင်တာမျိုးက မရှိသလောက်ပဲ။ အောက်ကခုထိုင်စရာ အခုမပါဘဲ ဘယ်တုန်းကမှ ကြမ်းပြင်ပေါ် မထိုင်ဖူးဘူး။

"ဒီအပုဒ်ကို ဘယ်လိုရှင်းရမလဲ?"

ယွီဖေးက သူ့နားတိုးလာပြီး စာအုပ်ထဲက ပုစ္ဆာကို ညွှန်ပြရင်း မေးလာတယ်။

ကုဝေက ပုစ္ဆာကို ကြည့်နေရင်း သူ့လက်ကို စားပွဲပေါ် တင်လိုက်တယ်။

ယွီဖေးက ချက်ချင်းသဘောပေါက်သွားပြီး ကုဝေလက်ထဲကို ဘောပင်တစ်ချောင်း ထည့်ပေးလိုက်တယ်။

ကုဝေက ဂဏန်းတစ်လုံးကို ပုစ္ဆာရဲ့ဘေးမှာ အမြန်ချရေးလိုက်တယ်။

ကုဝေကရေးပြီး ဘောပင်ချလိုက်တာကိုမြင်တော့ ယွီဖေးက အချိန်ခဏစောင့်ပြီးနောက် မေးလိုက်တယ် : "ဒါက?"

ကုဝေ : "အဖြေလေ"

ယွီဖေးက စာအုပ်ရဲ့နောက်ကို လှန်လိုက်ပြီး အဖြေတွေပါတဲ့ စာမျက်နှာကို ကုဝေအား ပြလိုက်ကာ : "အဖြေတွေက စာအုပ်မှာ ပါပြီးသား ကျွန်တော်က တစ်ဆင့်ချင်း ဘယ်လိုတွက်ရမလဲ သိချင်တာ"

ကုဝေ : "မင်းက တစ်ချက်ကြည့်ရုံနဲ့ မတွက်တတ်ဘူးလား?"

ယွီဖေးက စိတ်လှုပ်ရှားမှုတွေကို မြိုချလိုက်ပြီး အမှန်ကို ပြောလိုက်တယ် : "ကျွန်တော် မတွက်တတ်ဘူး"

၅၈မှတ်ပဲ ရထားတဲ့ အဖြေလွှာစာရွက်လေးကို ပြန်မြင်ယောင်မိတော့ ကုဝေက ဘောပင်ကို ပြန်ကောက်ကိုင်လိုက်ကာ : "အဆင့်တွေက ဒီလို....."

တစ်နာရီ ကြာပြီးနောက်...

"ဒီမေးခွန်းကို ဘယ်လိုရှင်းရမလဲဆိုတာ နားလည်ပြီလား?"
ကုဝေက စိတ်ရှည်ရှည်နဲ့ မေးလိုက်တယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now