Chapter 46

15.6K 3.4K 375
                                    

Zawgyi

သိမ်မွေ့သောထောင်ချောက်

ယွီဖေးမှာ တစ်စုံတစ်ယောက်ကို လိုက်လံပိုးပန်းတာနဲ့ ပတ်သတ်ပြီး အတွေ့အကြုံ မရှိဘူး။

လိုက်လံပိုးပန်းတာနဲ့ ယှဉ်လိုက်ရင် သူ့ရဲ့အစဦးဆုံး နားလည်မှုလွဲတာတွေကမှ ပိုးပန်းတာထက် ပိုပြီးလုပ်လို့ လွယ်ကူဦးမယ့်ပုံပေါ်တယ်။

ယွီဖေးရဲ့ စိတ်ထဲမှာတော့ ဒီလိုတွေ တွေးနေပေမယ့် လက်ကတော့ browserထဲကိုဝင်ပြီး ကိုယ်ကြိုက်နေတဲ့လူကို ဘယ်လိုလိုက်ရမလဲ ဆိုတာကို ရှာဖွေနေခဲ့တယ်။

ကုဝေ ရေချိုးခန်းထဲက ထွက်လာတော့ ယွီဖေးဟာ အင်တာနက်ကို စွဲလမ်းနေတဲ့ ဆယ်ကျော်သက်တစ်ယောက်လိုမျိုး ညဥ့်နက်တဲ့အထိ ဖုန်းသုံးနေပြီး သူ့ခန္ဓာကိုယ်ကလည်း အိပ်ရာထဲမှာ တဝက်လောက် နစ်မြုပ်နေတယ်။

"ခုထိမအိပ်ရသေးဘူးလား?"
ကုဝေက မျက်ခုံးပင့်ရင်း ယွီဖေးအနားကို ခြေ၂လှမ်းလောက် တိုးသွားလိုက်တယ်။

ကုဝေရဲ့ အသံကိုကြားတော့ ယွီဖေးက ချက်ချင်း ဖုန်းပိတ်လိုက်ကာ သူ့မျက်လုံးတွေကိုပါ မှိတ်လိုက်ရင်း : "အခုအိပ်ပြီ"

တိုးဖွဖွလေး ရယ်မောလိုက်ပြီးနောက် ကုဝေက မီးပိတ်လိုက်ကာ မနေ့တုန်းကလို ဧည့်ခန်းထဲက ဆိုဖာပေါ် သွားမအိပ်ဘဲ ယွီဖေးရဲ့ဘေးမှာ လှဲချလာတယ်။

သူ့အောက်က အိပ်ရာခင်းရဲ့ နိမ့်ကျသွားမှုကို ခံစားမိတော့ ယွီဖေးရဲ့ ကိုယ်လေးက ရုတ်တရက် တောင့်သွားတော့တယ်။

"ကိုယ့်ကို စောင်လေးနည်းနည်းလောက် ပေးမခြုံတော့ဘူးလား?"

ကုဝေရဲ့ အသံက မကျယ်ပေမယ့် အမှောင်ထဲမှာ ရှင်းရှင်းလင်းလင်း ကြားနေရတယ်။

ယွီဖေးက တိတ်တဆိတ် စောင်ကိုတွန်းပေးလိုက်တယ်။

အပြင်မှာ ဘယ်အချိန်ကတည်းက မိုးရွာနေမှန်းတောင် သူမသိလိုက်ဘူး။ မျက်နှာကြက်ကနေ ကြမ်းပြင်အထိ ရှည်လျားတဲ့ ပြတင်းမှန်ကြီးကို အပြင်က မိုးရေစက်လေးတွေဟာ အဆက်မပြတ် လာရောက်ထိမှန်နေတယ်။

"အိပ်တော့"

တည်ငြိမ်နေတဲ့ ထင်းရှူးနံ့တွေက ယွီဖေးကို ကြီးစွာသော စိတ်လုံခြုံမှုကို ခံစားရစေတယ်။ ဘာမှတောင် မလုပ်လိုက်ရဘဲ နေ့တာရှည်ကြီးဟာ ကုန်ဆုံးသွားပြန်ပြီ။ ယွီဖေးရဲ့ အသက်ရှူသံတွေဟာ တဖြည်းဖြည်းချင်း စည်းချက်မှန်လာပြီးနောက် သူအိပ်မောကျသွားတော့တယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now