Chapter 36

23.4K 4.2K 799
                                    

Zawgyi

အမှတ်အသားစာချုပ်

ပထမဆုံးအနေနဲ့ သူomega ဖြစ်သွားတဲ့ အကြောင်းကို လူတွေအများကြီး သိသွားလို့ မဖြစ်ဘူး။

ဒါကယွီဖေး ပထမဆုံး တွေးမိလိုက်တာဖြစ်ပြီး ဒီကိစ္စကို ဖုံးကွယ်ဖို့ဆိုရင် ကုဝေရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်း လိုလိမ့်မယ်။

ဒုတိယအနေနဲ့ကတော့ ဆရာဝန် ပြောသလိုဆို သူကဒီအသွင်ပြောင်းခြင်း ကာလကို ဖြတ်ကျော်နိုင်ဖို့အတွက် alpha pheromoneတွေကိုလည်း လိုနေသေးတယ်။

ဒီကိစ္စမှာလည်း ကုဝေရဲ့ ပူးပေါင်းဆောင်ရွက်ပေးမှုကိုလိုတယ်။

ဒါ့အပြင် သူomegaအဖြစ် ပြောင်းလဲသွားတဲ့ အဖြစ်အပျက်က ကုဝေရဲ့ အစီအစဉ်ကို သက်ရောက်မှု ရှိသွားလား ဆိုတာကိုလည်း သူမသိဘူး။ ဒါမှမဟုတ် သူတို့နှစ်ယောက်ကြားက စာချုပ်က ပြောင်းလဲသွားမလား။

သူဒါတွေကို ကုဝေနဲ့ ဆွေးနွေးကြည့်ဖို့လည်း လိုသေးတယ်။

နောက်ဆုံး မနေ့က အနမ်း၂ခုကတော့...
အခြေအနေတွေကို တည်ငြိမ်စွာနဲ့ အသေးစိတ် စီစစ်နေတဲ့ ယွီဖေးက ဒါကိုပြန်စဉ်းစားမိတော့ ရုတ်တရက် သူ့မျက်နှာကို လက်နဲ့အုပ်လိုက်တယ်။

ပထမဆုံး အနမ်းကတော့ ယွီဖေးက သူ့ကိုလာစတယ်လို့ ထင်လိုက်တဲ့အတွက် ကုဝေက ပြန်တုံ့ပြန်လိုက်တာလို့ ပြောနိုင်ပေမယ့် နောက်အနမ်းတစ်ခုကတော့ ကုဝေက သူ့ကိုကယ်တင်ဖို့အတွက် မတတ်သာတဲ့အဆုံး နမ်းလိုက်ရတာလို့ ယူဆလို့ ရတာပဲ။

ကောင်းပြီ ဒါကအဓိပ္ပါယ်ရှိတယ်။

အရိုးသားဆုံးပြောရရင် သူအခု ကုဝေနဲ့ ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲဆိုတာ မသိသေးဘူး။

ကုဝေက omega pheromoneတွေကို မကြိုက်ဘူးလို့ သူ့ကိုတစ်ခါ ပြောခဲ့ဖူးတယ်။ ပြီးတော့ ထိုအမျိုးသားက omegaတွေကို စက်ဆုပ်ကြောင်းကိုလည်း ရှင်းရှင်းလင်းလင်းကို သက်သေပြထားသေးတယ်။ ဒါပေမယ့် အခုတော့ သူကbetaကနေ omegaတစ်ယောက် ဖြစ်လာခဲ့ပြီ။

ကုဝေက သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဒီမှာတင် ရပ်သင့်ပြီဆိုပြီး သူတို့ကြားက စာချုပ်ကို အဆုံးသတ်လိုက်မလား ဆိုတာကို ယွီဖေး သိချင်နေခဲ့တယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now