Chapter 28

22.1K 3.9K 311
                                    

Zawgyi

ဧည့်သည်များ

ကုဝေရဲ့ မွေးနေ့က ဒီလရဲ့ နောက်ဆုံးရက်မှာဆိုတော့ ယွီဖေးမှာ လက်ဆောင်ပြင်ဆင်ချိန် နှစ်ပတ်သာ ကျန်တော့တယ်။

သူဘယ်လို လက်ဆောင်မျိုးကို ပေးသင့်လဲ?

ယွီဖေးက တစ်ညလုံး စဉ်းစားနေခဲ့ပေမယ့် ဘာတစ်ခုမှကို စဉ်းစားလို့ မထွက်တာကြောင့် သူအရင်ဆုံး အိပ်လိုက်ပြီး လကုန်ခါနီးမှ ထပ်စဉ်းစားတော့မယ်လို့ တွေးလိုက်တယ်။

နောက်တစ်နေ့ မနက်စောစောမှာ ယွီလော်နဲ့ ယွီလင်းကို ယွီအိမ်တော်က ဒရိုင်ဘာက ယွီဖေးရဲ့အိမ်ထိ လိုက်ပို့လေတယ်။ ဖေဖေယွီက ကုမ္ပဏီကိစ္စတွေနဲ့ အလုပ်ရှုပ်နေပြီး အချိန်မရတာကြောင့် မလိုက်ခဲ့ဘူး။ မေမေယွီကလည်း သူမရဲ့ သူငယ်ချင်း ညီအစ်မတွေနဲ့ သီးသန့်နေ့လည်စာစားဖို့ ချိန်းဆိုထားတာကြောင့် သူမလည်း မလိုက်လာနိုင်ဘူး။

ကလေးနှစ်ယောက်ကတော့ သူတို့အကိုကြီး လက်ထပ်ပြီးနောက်ပိုင်း နေနေတဲ့အိမ်ကို ပထမဆုံးအကြိမ် အလည်သွားခြင်း ဖြစ်တာကြောင့် သူတို့က အနည်းငယ် စိတ်လှုပ်ရှားနေကြတယ်။

ယွီလော်က နည်းနည်းတည်ငြိမ်ပေမယ့် ယွီလင်းကတော့ သူ့ဘေးနားမှာ တစ်လမ်းလုံး စကားတွေ တတွတ်တွတ် ပြောနေတယ်။ ယွီလော်က သူမကို လျစ်လျူရှု ထားတာတောင်မှ သူမက စကားဆက်ပြောနေတုန်းပဲ။

ယွီလော်ဆီက ဖုန်းလက်ခံရရှိပြီး နောက်မှာတော့ ယွီဖေးက အိမ်အပြင် ထွက်လာကာ သူတို့ကို အချိန်မီ လာကြိုတော့တယ်။ ညီလေးနဲ့ ညီမလေးက သူ့ကိုမတွေ့ရတာ ကြာပြီဖြစ်တာကြောင့် ယွီလင်းက ပြုံးပြုံးလေးနဲ့ ယွီဖေးရဲ့ လက်မောင်းကြားထဲ ခုန်ဝင်လိုက်တယ်။

"အကိုကြီး!"

ယွီဖေးက သူမကို လှမ်းဖမ်းလိုက်ပြီး သူမကိုယ်ကို ထိန်းပေးလိုက်တယ်။ ပြီးတော့ သူမကို မတ်မတ်ရပ်ဖို့ ပြောရင်းနဲ့ : "ဒီလိုမျိုး ခုန်ဝင်လာရအောင် မင်းရဲ့အသက်က ဘယ်လောက်ရှိပြီလဲ မိန်းကလေး?"

ယွီလင်းက အမ် ဆိုတဲ့ အာမေဋိတ်သံလေးပြုပြီး မတ်မတ်ရပ်လိုက်တော့တယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now