Chapter 65

20.5K 3.5K 520
                                    

Zawgyi

သဘောတူစာချုပ်အဆုံးသတ်ခြင်း

ကားထဲမှာတော့ ယွီဖေးရဲ့ အမေးသံ ထွက်ပေါ်လာပြီးတာနဲ့ လေထုဟာ ခဏတာ တိတ်ဆိတ်သွားတော့တယ်။

ယွီဖေးဟာ သူ့ရဲ့မျက်နှာ အမူအရာကို ကုဝေ မမြင်နိုင်စေရန်အတွက် ကုဝေရဲ့ ရင်ခွင်ထဲကို မျက်နှာအပ်လိုက်လေတယ်။ တကယ်တော့ ယွီဖေး ဒီလိုစကားတွေ ပြောလာမယ့် တစ်နေ့ကို ကုဝေ အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ကြည့်ခဲ့ပြီးသား။ ကုဝေက ပုံမှန်အတိုင်းဆို ယွီဖေးကသာ ဒီလိုမျိုး မေးမလာခဲ့ရင် ယွီဖေးရဲ့ မှတ်ဉာဏ်တွေ ပြန်ရလာသည်အထိ သူတို့တွေ ဒီအတိုင်းလေး ထာဝရ နေသွားကြဖို့ တွေးထားပြီးသား။ ဒါပေမယ့် ယွီဖေးက အခုလို သူနဲ့တစ်ပွဲတစ်လမ်းနွှဲချင်လာရင်လည်း ကုဝေက ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ဖို့ အဆင်သင့်ပဲ။

ကုဝေက ခေါင်းငုံ့လိုက်ပြီး ယွီဖေးရဲ့ နဖူးလေးကို နမ်းလိုက်ကာ တည်တည်ငြိမ်ငြိမ် အသံနဲ့ : "လိမ်မာပါကွာ အိမ်ပြန်ရောက်ရင် ကိုယ်မင်းကို အားလုံးပြောပြပါ့မယ်"

သူဘယ်တုန်းကမှ လူတစ်ယောက်ကို ဒီလောက်ထိ သဘောမကျဖူးဘူး။ ကုဝေက ဘာလုပ်ရမယ်ဆိုတာ မသိတော့တဲ့အထိ ယွီဖေးကို သဘောကျတယ်။ ကုဝေဟာ ဟိုဟိုဒီဒီ စိုးရိမ်စိတ်တွေ များတာကြောင့် သူ့ကိုယ်သူ အံ့မခန်း ပြီးပြည့်စုံတဲ့ ပုံစံဖြစ်အောင် ပြုမူနေထိုင်ခဲ့ပေမယ့် အမှန်တကယ်တော့ ယွီဖေးက သူ့ရဲ့ အပြစ်အနာအဆာတွေ အားလုံးကို မြင်ခဲ့တာကြာပြီဖြစ်ပေမယ့် ဘယ်တုန်းကမှ ထုတ်မပြောခဲ့လေဘူး။

နန်းဝမ်ရှန်းကအိမ်ကိုရောက်တော့ ထန်းယွီဟာ တိတ်တဆိတ်ပဲ ထွက်ခွာသွားတော့တယ်။

ကုဝေက ယွီဖေးကို ပထမထပ်က ဧည့်ခန်းထဲမှာ ခဏထိုင်စောင့်စေပြီး သူကတော့ ဒုတိယထပ်က စာကြည့်ခန်းထဲကိုဝင်ကာ သူဖွက်ထားတဲ့ များပြားလှစွာသော သဘောတူစာချုပ်တွေကို ထုတ်ယူလိုက်တယ်။

ယွီဖေးက ကုဝေကို သံသယမဝင်ခဲ့ဘဲ သူ့ရဲ့မူရင်းစာချုပ်ကို ဒုတိယထပ်က အိပ်ခန်းထဲမှာ သိမ်းထားခဲ့တာကြောင့် ကုဝေက အလွယ်တကူ ရှာတွေ့သွားပြီး အချိန်မီ ဖွက်နိုင်ခဲ့တယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now