Chapter 20

22.9K 4.1K 354
                                    

Zawgyi

သတင်းအမှား

ယွီဖေး : အတွင်းရေးမှူးချောင် ကုဝေကအခု မင်းနဲ့အတူ ရှိနေလား?

ချောင်စီက စာပြန်မလာခဲ့တာကြောင့် ယွီဖေးက သူ့ကိုတိုက်ရိုက် ဖုန်းခေါ်လိုက်တယ်။

"ဟယ်လို"
ဖုန်းပြန်ဖြေတဲ့ ချောင်စီ့အသံက ပုံမှန်အတိုင်းပဲ။

ယွီဖေး : "အတွင်းရေးမှူးချောင် မင်းကုဝေနဲ့ အတူရှိနေလား?"

ဖုန်းခေါ်တဲ့သူက ယွီဖေးဆိုတာသိတော့ ချောင်စီက အသံမာမာနဲ့ ပြန်ဖြေလိုက်တယ် : "မစ္စတာယွီ မစ္စတာကုက အခုထိ အလုပ်ရှုပ်နေတုန်းပဲ ကျွန်တော်မင်းကို နောက်မှပြန်ခေါ်လိုက်မယ်"

ချောင်စီ ဖုန်းချတော့မှာကိုမြင်တော့ အနောက်ခုံက လက်တစ်ဖက်က ရုတ်တရက် ထွက်လာပြီး ချောင်စီ့လက်ထဲကဖုန်းကို ဆွဲယူသွားတယ်။

ချောင်စီက အံ့အားသင့်စွာနဲ့ နောက်ပြန်လှည့်ကြည့်မိတယ်။

"ကိုယ့်ကိုရှာနေတာလား?"

ဖုန်းတစ်ဖက်က တိုးလျလျ အသံလေးတစ်သံက ယွီဖေးရဲ့ နားထဲကို စီးဆင်းဝင်ရောက်လာတယ်။ ယွီဖေးရဲ့ စိုးရိမ်နေတဲ့ နှလုံးသားလေးက သက်သာရာရသွားတယ်။ ပြီးတော့ ကုဝေက ပင်လယ်ခရီးထွက်နေပြီး မနက်ဖြန်မှအားမယ်လို့ ချောင်စီပြောထားတာကိုလည်း မေ့သွားခဲ့တယ်။

"ခင်ဗျားဘယ်မှာလဲ? ဒီည နန်းဝမ်ရှန်းကအိမ်ကို ပြန်လာမှာလား?"
ယွီဖေးက ကုဝေကို မေးလိုက်တယ်။

"ကိုယ်အခု အိမ်ပြန်လာတဲ့ လမ်းပေါ်မှာ နည်းနည်းတော့ နောက်ကျမယ်"

"ကျွန်တော် ပို့လိုက်တဲ့ မက်ဆေ့ခ်ျကိုရော ကြည့်ပြီးပြီလား?"
ယွီဖေးက မေးကြည့်လိုက်တယ်။ ကုဝေကသူ့ကို စာမပြန်ခဲ့တာကြောင့် သူချောင်စီ့ကို ဖုန်းခေါ်လိုက်ရတာ။

"မကြည့်ရသေးဘူး ကိုယ့်ဖုန်းပျောက်သွားလို့"

တစ်ဖက်လူရဲ့ အသက်ရှူသံက နည်းနည်းလေးလံနေသလိုပဲ။

ဒါပေမယ့် အခုချိန်မှာ ယွီဖေးက သူဖတ်ခဲ့တဲ့ သတင်းဆီကိုပဲ စိတ်ရောက်နေတာကြောင့် အောက်နှုတ်ခမ်းလေးကို တစ်ချက်သပ်လိုက်ပြီး ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်တယ် : "ချူးရန်လို့ခေါ်တဲ့ omegaသရုပ်ဆောင် တစ်ယောက်ကို ခင်ဗျားက အမှတ်အသား ပေးလိုက်တယ်လို့ ကျွန်တော် သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်"

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now