Chapter 24

23.4K 4.2K 614
                                    

Zawgyi

သူကငါ့ရဲ့Alpha

သူတို့ရုံးခန်းထဲက ထွက်လာတာတောင်မှ ကုဝေက ယွီဖေးလက်ကို လွှတ်မပေးသေးဘူး။ ယွီဖေးကလည်း ဘာမှမပြောဘဲ ကုဝေရဲ့ အနောက်ကနေ အသာလေး လိုက်လာတယ်။

သူတို့အောက်ဆင်းလာတော့ အသည်းအသန် ပြေးလာတဲ့ alphaကျောင်းသားလေး တစ်ယောက်က သူတို့၃ယောက်ကို ရပ်တန့်စေခဲ့တယ်။

"ရှောင်ဖေး မင်းအဆင်ပြေရဲ့လား?!"

ယွီဖေးက ကုဝေကိုင်ထားတဲ့ သူ့လက်ကို အာရုံစိုက်နေတာကြောင့် ရုတ်တရက် ရင်းနှီနေတဲ့ အသံကို ကြားလိုက်ရတော့ ခေါင်းထောင်လာပြီး : "ကျန့်ရိ?"

ကျန့်ရိကလည်း သူနဲ့ကုဝေတို့ လက်တွေကိုင်ထားကြတာကို ကြည့်နေခဲ့တယ်။

"ထန်းရှီက မင်းခိုးချခဲ့တယ်လို့ တိုင်ထားတာကို ကိုယ်အခုလေးတင် သိလာတာ မစိုးရိမ်နဲ့ ကိုယ်မင်းကိုယုံတယ် မင်းကအဲ့လိုလူစား မဟုတ်ဘူးဆိုတာ ကိုယ်သိတယ်"
ကျန့်ရိက ယွီဖေးနဲ့ Alphaတစ်ယောက် လက်ကိုင်ထားကြတာကို လျစ်လျူရှုလိုက်ပြီး : "ကိုယ် ဆရာမကို ကူပြီးရှင်းပြပေးမယ်"

ကျန့်ရိရောက်လာတာကြောင့် ယွီဖေးက အံ့အားသင့်နေခဲ့ပြီး : "ရပါတယ် ကျေးဇူးပဲ ဒီကိစ္စကို အခုစစ်ဆေးနေကြပြီ ငါမလုပ်ခဲ့တာကိုတော့ ငါဝန်မခံနိုင်ဘူး ကျောင်းကငါ့ရဲ့ ဖြူစင်မှုကို သက်သေပြပေးလိမ့်မယ်"

ကျန့်ရိကလည်း ခေါင်းညိမ့်လိုက်ပြီး : "ထန်းရှီက ရင်ရှင်းချန်ရဲ့ သူငယ်ချင်းကောင်းပဲ သူအခုလို မင်းကိုအပုပ်ချနေတာက မင်းနဲ့ကိုယ့်ရဲ့ ဆက်ဆံရေးကြောင့်ပဲ ဖြစ်ရမယ် ကိုယ်သူ့ကို မင်းဆီလူချင်းတွေ့ပြီး လာတောင်းပန်ခိုင်းလိုက်မယ်"

"တောင်းပန်စရာမလိုဘူး"
ဘေးမှာတိတ်တဆိတ် ရပ်နေခဲ့တဲ့ ကုဝေက ရုတ်တရက် ထပြောလာတယ် : "တစ်ခုခုဆိုရင် သူ့ကိုငါတို့ဖက်က ရှေ့နေနဲ့ တွေ့ဖို့ပြောလိုက် တကယ်လို့ သူကလူချင်းတွေ့ချင်တယ်ဆို တရားရုံးမှာပဲ တွေ့ကြတာပေါ့"

အလိုက်သိစွာနဲ့ပဲ ထန်းယွီက ရှေ့တိုးလာပြီး ကျန့်ရိလက်ထဲကို business card ထည့်ပေးလိုက်တယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now