Chapter 49

21.8K 4K 568
                                    

Zawgyi

အပန်းဖြေခရီးအဆုံးသတ်သွားခြင်း

ကုဝေကဘာကြောင့် ရုတ်တရက်ကြီး ဒီလိုတွေ လာလုပ်တာလဲတော့ မသိပေမယ့် အရမ်းကို ခံစားလို့ ကောင်းနေတာကြောင့် ယွီဖေးလည်း မငြင်းဆန်နိုင်ခဲ့ဘူး။

ကုဝေ အခန်းထဲ ပြန်ဝင်လာတော့ ယွီဖေးကသူ့ကို ကျောပေးထားပြီး ခေါင်းအုံးပေါ် မျက်နှာအပ်ကာ ရှက်ရွံ့နေတာကို တွေ့လိုက်ရတယ်။

"တစ်နေရာရာမှာ မသက်မသာ ဖြစ်နေလို့လား?"

ကုဝေက ယွီဖေးအနားကို တဖြည်းဖြည်း တိုးလာပြီး ယွီဖေးရဲ့ အင်္ကျီကော်လာကို ဆွဲချကာ ဂုတ်ပေါ်က glandကို ကြည့်လိုက်တယ်။

ကုဝေက သူ့လက်ချောင်းတွေနဲ့ ဖွဖွလေး ပွတ်သပ်နေပြီး ကြည့်ရတာ glandလေးက အရင်တစ်ခေါက်နဲ့ယှဉ်ရင် နည်းနည်းလေး ပိုဖောင်းလာတာကို တွေ့လိုက်ရတယ်။ Glandလေးက ဖြည်းဖြည်းချင်း အရွယ်ရောက်လာပြီပဲ။

ကောင်လေးရဲ့ ကိုယ်အပူချိန်ရော pheromone အခြေအနေရောက ပုံမှန်ပဲဆိုတာ သေချာမှ ကုဝေက ယွီဖေးရဲ့ ဂုတ်သားလေးကို ဖျစ်ညှစ်ရင်းပြောလိုက်တယ် : "အိပ်တော့"

သူထင်ထားသလိုပဲ ကောင်လေးရဲ့ glandကို သူတိုက်ရိုက် သွားမဆွမချင်း ကောင်လေးက သူဘာလုပ်လုပ် အမြဲတမ်း ငြိမ်ခံနေနိုင်တယ်။

ယွီဖေးက ရှက်သွေးဖြာသွားပြီး မျက်လုံးတွေ မှိတ်လိုက်တယ်။

ခုနတုန်းက အဖြစ်အပျက်ဟာ သူ့ကိုခြေကုန်လက်ပမ်းကျသွားစေတာကြောင့် အိပ်ပျော်ဖို့ ခက်ခဲတော့မယ်လို့ ယွီဖေးက ထင်လိုက်ပေမယ့် မကြာခင်မှာပဲ သူအိပ်မောကျသွားတော့တယ်။

ထုံးစံအတိုင်းပဲ နောက်တစ်နေ့ မနက်မှာတော့ ယွီဖေးဟာ ကုဝေရဲ့ လက်မောင်းကြားထဲမှာ နိုးထလာခဲ့ရတယ်။

သူဒီလိုမျိုး နိုးထလာခဲ့ရတာက တစ်ပတ်ကျော်လောက်တော့ ရှိနေပြီ။ အစပိုင်းမှာတော့ ယွီဖေးဟာ နှလုံးခုန်သံတွေ မြန်ဆန်လာပြီး ရှက်ရွံ့ခဲ့ပေမယ့် ရက်ပေါင်းများစွာ ကြာပြီးနောက်မှာတော့ ရှက်ရွံ့ခြင်း မဖြစ်တော့ဘဲ သူ့ခါးပေါ်က လက်တွေကို ပုံမှန်အတိုင်း ဖယ်ထုတ်လိုက်ပြီး အိပ်ယာပေါ်ကထကာ အဝတ်အစား လဲလှယ်ပြီး ကိုယ်လက်သန့်စင်တော့တယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now