Chapter 59

20.5K 3.8K 709
                                    

Zawgyi

ခါးပတ်

(ဟုတ်ပါတယ် 57တုန်းက hand jobပါ)

နောက်တစ်နေ့မှာတော့ ယွီဖေးဟာ စာကြည့်ခန်းထဲမှာ တစ်ယောက်တည်း ထိုင်နေပြီး စားပွဲပေါ်က ဖတ်စာအုပ်တွေနဲ့ လေ့ကျင့်ခန်း စာအုပ်တွေကို တွေဝေငေးငိုင်စွာ ကြည့်ရှုနေလေတယ်။

သူအရင်က ဒီလိုမေးခွန်းမျိုးတွေ တွက်ခဲ့ဖူးသလား?

ဒါဆိုအခုဘာကြောင့် အကြောင်းအရာတွေကိုတောင် သူနားမလည်နိုင်ရတော့တာလဲ...

ကုဝေကသူ့ကို စာသင်ပေးမယ်လို့ ပြောထားတာကို ပြန်သတိရမိတော့ ယွီဖေးက ဖတ်စာအုပ်ကို ချက်ချင်းကောက်ကိုင်ပြီး သူ့စာကြည့်ခန်းဘေးက အခန်းတံခါးကို သွားခေါက်တော့တယ်။

"ဝင်ခဲ့"

ကုဝေရဲ့ အသံက စာကြည့်ခန်းထဲကနေ ထွက်ပေါ်လာတယ်။

ယွီဖေးက လက်ကိုင်ဖုလေးကို လှည့်လိုက်ပြီး တံခါးဖွင့်ကာ ခေါင်းလေးပြူပြီး အထဲကို ချောင်းကြည့်လိုက်တယ် : "ခင်ဗျား အလုပ်ရှုပ်နေလား?"

ကုဝေက ကွန်ပျူတာကို ပိတ်လိုက်ပြီး : "မရှုပ်ပါဘူး ဘာဖြစ်လို့လဲ?"

ယွီဖေးက စာအုပ်ကို လက်မောင်းကြား ညှပ်လိုက်ပြီး ကုဝေရဲ့ အလုပ်စားပွဲနားကို တိုးသွားကာ : "စာသင်ပေးပါ"

ကုဝေက မျက်ခုံးပင့်လိုက်ပြီး : "ရုပ်ရှင်မကြည့်ချင်ဘူးလား?"

သေချာတာပေါ့ ကျွန်တော် အရမ်းကို ကြည့်ချင်တယ်... ယွီဖေးက အောက်နှုတ်ခမ်းကို တစ်ချက်သပ်လိုက်ပြီး သူ့နှလုံးခုန်သံတွေက တဖြည်းဖြည်း မြန်ဆန်လာကာ : "ကျွန်တော် စာလုပ်ရဦးမယ်"

သူတွေးမိတာက သူကုဝေနဲ့ အတူရှိနေချင်ရင် ရုပ်ရှင်အတူတူ ကြည့်တာထက် စာပြခိုင်းတာက ပိုပြီးဆီလျော်တဲ့ အကြောင်းပြချက်ပဲ။

ယွီဖေးဟာ သူတစ်ယောက်တည်း မနေချင်လို့လို့ ကုဝေကို တိုက်ရိုက်မပြောရဲတဲ့အပြင် သူကုဝေနဲ့ အတူရှိနေချင်လို့ပါဆိုပြီး ကုဝေကို တိုက်ရိုက်ပြောလိုက်ဖို့က ပိုပြီးခက်ခဲသေးတယ်။

ကုဝေက သူ့ရဲ့အကြောင်းပြချက်ကို သံသယ မဝင်ဘဲ ကောင်လေးက ကျောင်းစာတွေ မလိုက်နိုင်မှာကို စိုးရိမ်နေတယ်လို့ ထင်သွားတာကြောင့် ကုဝေက ထရပ်လိုက်ပြီး ခုံတစ်ခုံကိုယူကာ သူ့စားပွဲဘေးမှာ နေရာချလိုက်တယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now