Chapter 52

21.4K 3.9K 341
                                    

Zawgyi

လူသိရှင်ကြားကြေညာခံရခြင်း

အသွင်ပြောင်းလဲခြင်း ကာလမှာပဲ ရှိသေးတာကြောင့် ဟန်းနီးမွန်းခရီးက စောစောစီးစီး အဆုံးသတ်သွားပေမယ့်လည်း ယွီဖေးကတော့ ကျောင်းကိုပြန်မသွားသေးဘူး။ အပန်းဖြေခရီးအတွက် ကျန်နေတဲ့ အချိန်တွေကို နန်းဝမ်ရှန်းကအိမ်မှာပဲ ဖြုန်းဖို့ယွီဖေးက စီစဉ်ထားလိုက်တယ်။

ဒါပေမယ့် အိမ်မှာရှိနေရတဲ့ နေ့ရက်တွေက လုံးဝဇိမ်မကျဘူး။ သူ့ရဲ့နားရက်တွေမှာ စာတွေကို အသည်းအသန် ကြိုးစားလုပ်နေရတဲ့အပြင် ယွီမိသားစုက မိဘတွေကလည်း သူ့ကို ကုမိသားစုက ပြဿနာတွေအကြောင်း ဖုန်းဆက်ပြီး လှမ်းမေးလာကြသေးတယ်။ ဒါပေမယ့် ယွီဖေးက သူတို့ကို မယုတ်မလွန်ပဲ ဖြေပေးခဲ့တယ်။

တစ်ခါတစ်ရံ သူ့ဖုန်းထဲမှာ ကုအုပ်စုအကြောင်း ကြားဖြတ်သတင်း အသိပေးချက်တွေ တက်လာပေမယ့် သူကုဝေကို ယုံကြည်ထားတဲ့အပြင် ဒီမတော်တဆက ကုအုပ်စုကို ပြိုလဲသွားသည်ထိ မဖြစ်စေနိုင်ဘူးလို့ ခံစားမိတာကြောင့် ယွီဖေးက ဒီအကြောင်းကို သိပ်ပြီးအာရုံမထားတော့ဘူး။

ကုဝေကတော့ ယွီဖေး အိမ်မှာပျင်းနေရင် သူနဲ့အတူ ကုမ္ပဏီကို လိုက်လည်လို့ရတယ်လို့ ပြောထားပေမယ့် ယွီဖေးက ငြင်းဆန်လိုက်တယ်။

ဘာကြောင့်လဲဆိုတော့ သူကုဝေနဲ့သာ အတူတူရှိနေရင် စာထဲကို လုံးဝအာရုံစိုက်နိုင်မှာ မဟုတ်ဘူး။ စာသင်နှစ် အဆုံးမှာ စကော်လားရှစ် ရဖို့ဆိုရင် လောလောဆယ် သူ့ရဲ့လိုအင်ဆန္ဒတွေကို ဖိနှိပ်ထားရမယ်။

ဒီနေ့လည်ခင်းမှာတော့ ပုံမှန်အတိုင်းပဲ ကုဝေက ကုမ္ပဏီကို ပြန်သွားခဲ့ပြီး ယွီဖေးကတော့ သူ့ရဲ့နေ့စဉ် စာကြည့်ခြင်း တာဝန်ကို ဆက်လက်လုပ်ဆောင်ဖို့အတွက် ဒုတိယထပ်က သူ့စာကြည့်ခန်းထဲကို သွားဖို့ပြင်လိုက်တယ်။ ဒါပေမယ့် ယွီဖေးက TVကိုပိတ်ချင်ခဲ့ပေမယ့် ခလုတ်မှားနှိပ်မိသွားပြီးနောက် မတော်တဆ TVမှာ သူ့နာမည်ကို ကြားလိုက်ရတော့တယ်။

"ကျွန်တော့်သား ကုဝေရဲ့ ပါတနာက betaတစ်ယောက်ပါ သူ့နာမည်က ယွီဖေးတဲ့ သူကအခုမှ ကျောင်းသားပဲ ရှိသေးတယ် သူတို့ရဲ့ လက်ထပ်ပွဲကိုလည်း ကျွန်တော်တို့က သဘောတူပြီးပါပြီ ဒါဆိုရင် ကျွန်တော်က betaလူ့အဖွဲ့အစည်းကို အထင်သေးလိုစိတ် မရှိဘူးဆိုတာ သက်သေပြပြီးသား ဖြစ်သွားပြီမလား? အဲဒီ့အချိန်တုန်းကလည်း ခဏတာ လျှာချော်ပြီး ပြောထွက်မိသွားတာ မူလရည်ရွယ်ချက်ကတော့ မတော်တဆ ဖြစ်သွားတဲ့သူက alphaဖြစ်ဖြစ် betaဖြစ်ဖြစ် omegaဖြစ်ဖြစ် ကျွန်တော်တို့ ဒီကိစ္စကို အရေးတယူ အလေးထား ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေကို နားလည်စေချင်တယ်..."

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now