Chapter 61

21.4K 3.8K 607
                                    

Zawgyi

Glandအမှတ်အသားပေးခြင်း

ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ပြီးတာနဲ့ ထန်းယွီက အောက်ကိုအရင်ဆင်းပြီး ကားသွားယူခဲ့တယ်။ ယွီဖေးကတော့ ကုဝေနောက်ကနေလိုက်ပြီး နှစ်ယောက်သားဟာ ဆေးရုံမြေညီထပ်က လော်ဘီကိုဖြတ်ပြီး ဆေးရုံအပြင်ကို ထွက်ခဲ့ကြတယ်။

"ရင်ရှင်းချန်!"

ရုတ်တရက် မရင်းနှီးတဲ့ နာမည်ကို ခေါ်လိုက်တဲ့ ရင်းနှီးနေတဲ့ အသံဟာ မလှမ်းမကမ်းကနေ ထွက်ပေါ်လာတော့ ဆေးအရှိန်ကြောင့် အနည်းငယ် မူးနောက်နောက် ဖြစ်နေတဲ့ ယွီဖေးဟာ ချက်ချင်းပဲ အသိပြန်ကပ်သွားတော့တယ်။

ယွီဖေး နောက်လှည့်ကြည့်မိတော့ ထိုနာမည်ကို ဘယ်သူလှမ်းခေါ်လိုက်တာလဲဆိုတာ တွေ့လိုက်ရတော့တယ်။

ကျန့်ရိက ရပ်တန့်သွားပြီး : "ယွီဖေး?"

မူရင်းစာအုပ်က ဇာတ်ကြောင်းကို မှတ်မိထားတဲ့ ယွီဖေးဟာ မသေချာစွာနဲ့ ပြောလိုက်တယ် : "ကျန့်ရိ?"

ကျန့်ရိကလည်း တစ်ခုခု ပြန်ပြောဖို့ ပြင်လိုက်ပေမယ့် ခက်ထန်တဲ့ အမူအရာနဲ့ ယွီဖေးအနောက်မှာ ရပ်နေတဲ့ ကုဝေကို မြင်လိုက်တော့ ဘာစကားမှ ဆက်မပြောတော့ဘဲ ယွီဖေးကို ဟယ်လို လို့ခေါင်းညိမ့်နှုတ်ဆက်လိုက်ပြီး သူတို့ဘေးကနေ အလျင်အမြန် ကျော်ဖြတ်သွားတော့တယ်။

အနောက်မှာ ရပ်နေတဲ့ ကုဝေက လော်ဘီကြီး တစ်ခုလုံး ကြားစေနိုင်လောက်အောင် အန္တရာယ်ရှိတဲ့ လေသံနဲ့ ယွီဖေးကို မေးလာတယ် : "သူ့ကိုတော့ မှတ်မိသလား?"

ကုဝေကိုတော့ မမှတ်မိဘဲ ကျန့်ရိကိုတော့ မှတ်မိတယ်ပေါ့။

သူ့ရဲ့alphaကိုကျ မမှတ်မိဘဲ သူ့ရည်းစားဟောင်းကိုပဲ မှတ်မိတယ်ပေါ့။

ကုဝေက ယွီဖေးရဲ့ နောက်ကျောကို စိုက်ကြည့်နေရင်း ဂုတ်ပေါ်က glandလေးကို ကိုက်ပစ်ချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာလေတယ်။

ဂုတ်ပေါ်က အေးစက်စက် ခံစားချက်ကြီးကြောင့် ယွီဖေး အနောက်လှည့်ကြည့်လိုက်ကာ ဖျော့တော့တော့လေး ပြုံးပြလိုက်ပြီး စိတ်အားထက်သန်စွာ ပြန်ပြောလိုက်တယ် : "ကျွန်တော် ရှင်းရှင်းလင်းလင်းတော့ မမှတ်မိပါဘူး ဒီရက်ပိုင်းအတွင်း နည်းနည်းချင်းစီ ပြန်သတိရနေတာကြောင့် ကျွန်တော် မရေမရာနဲ့ ထင်တာပြောလိုက်တာ ကျန့်ရိဆိုတာ ဘယ်သူလဲ?"

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now