Chapter 27

24.7K 4K 389
                                    

Zawgyi

စာကြိုးစားခြင်း

နောက်တစ်နေ့ ညစာစားပွဲမှာ လူနှစ်ယောက်ဟာ မနေ့ညက ဘာမှမဖြစ်ခဲ့သလိုမျိုး ရင်းရင်းနှီးနှီး စားသောက်နေကြလေတယ်။

"ကျွန်တော်တို့ကျောင်းက စည်းကမ်းထိန်းသိမ်းရေးမှူးက ကျွန်တော့်ဆီကို မနက်က မက်ဆေ့ခ်ျပို့လာတယ် စုံစမ်းစစ်ဆေး ရလဒ်က ထွက်လာပြီတဲ့ ကျွန်တော်က အပြစ်မရှိတာကြောင့် အတန်းချိန်တွေ ပြန်တက်ဖို့ ကျောင်းကို ဘယ်အချိန်မဆို ပြန်လာလို့ရပြီတဲ့"
ညစာစားပြီးသွားတော့ ယွီဖေးက ပြောပြလိုက်တယ်။

ကုဝေက ခေါင်းညိမ့်လိုက်ပြီး : "ဘယ်အချိန် ပြန်သွားချင်လဲ?"

ယွီဖေး : "ဒီပိတ်ရက် ပြီးရင်ပေါ့ လာမယ့်တနင်္လာနေ့ကျ ကျွန်တော် ကျောင်းကိုပြန်သွားမယ်"

"စာတွေက လိုက်နိုင်ပါဦးမလား?"
ကုဝေက မျက်ခုံးပင့်ရင်း မေးလိုက်တယ်။

"ဒီတစ်ခေါက် နှစ်ဝက်စာမေးပွဲမှာ ကျွန်တော် ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ ကျွန်တော့်ရဲ့ ပျမ်းမျှအမှတ်က ၇၀အထက်ပဲ ရက်နည်းနည်းလောက် အတန်းချိန်လွတ်သွားတာက ကိစ္စမရှိဘူး အတန်းထဲမှာလည်း ပရော်ဖက်ဆာက Power Point slideတွေပဲ ထိုင်ဖတ်ပြနေမှာ"
ကုဝေကသူ့ကို အထင်သေးနေတယ်လို့ ယွီဖေး ခံစားလိုက်ရတယ်။ သူကူးပြောင်းမလာခင်က ဒီလိုမျိုး အတန်းတွေကို တစ်ခါမှ မတက်ဖူးဘူး။ ဒါကြောင့်သူက လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက စာတွေမလွတ်အောင် နေ့တိုင်း အတန်းချိန်တွေ လိုက်တက်ခဲ့တာ။ သူ့စာမေးပွဲ ရလဒ်တွေက အရမ်းမဆိုးတော့ပေမယ့် နည်းနည်းတော့ ရှက်စရာ ကောင်းတုန်းပဲ။

ကုဝေကတော့ အမှတ်လေး၇၀က ချီးမွမ်းဖို့ထိ မလုံလောက်သေးဘူးလို့ထင်တယ် ဒါပေမယ့် ကောင်လေးက သူ့စိတ်ကို မသိဘဲ ချီးကျူးခံချင်နေတဲ့ အမူအရာလေးနဲ့ သူ့ကိုကြည့်နေတာကိုမြင်တော့ ကုဝေလည်း မတတ်နိုင်တော့ဘဲ ပြောလိုက်ရတယ် : "ကောင်းပြီ အရင်တစ်ခေါက်က ရလဒ်တွေနဲ့ ယှဉ်ရင်တော့ ဒီတစ်ခါ တော်တော်လေး တိုးတက်လာတာပဲ"

ယွီဖေးက နှုတ်ခမ်းထောင့်စွန်းလေးကို ပင့်တင်လိုက်ပြီး : "ကျွန်တော်လည်း ကျွန်တော် ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ထင်တယ်"

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now