Chapter 29.2

24.3K 3.9K 312
                                    

Zawgyi

ဆံပင်ရှည်နဲ့လူဟာ hoverboardစီးရင်း သူတို့နား လာနေတာကိုတွေ့တော့ ယွီဖေးက သူ့မျက်နှာပေါ်က အမူအရာကို မထိန်းနိုင်တော့ဘူး။ ဒါကအရမ်းကို ရှက်စရာ ကောင်းလွန်းတယ်!

ကုဝေးရဲ့ ရယ်မြူးရိပ်သမ်းနေတဲ့ မျက်ဝန်းလေးတွေက ယွီဖေးကို နေရာမှာတင် လဲသေချင်စိတ် ပေါက်သွားစေတယ်။

"ပထမအကို ဘယ်တုန်းက ပြန်ရောက်တာလဲ?"
ကုဝေက မေးလိုက်တယ်။

ကုဝေးက hoverboardပေါ်ကနေ ဆင်းလိုက်ပြီး : "ငါမနေ့က ပြန်ရောက်တာ ဆိုတော့ ဒါကရှောင်ဖေးပေါ့ သူကအရမ်း ချစ်စရာ ကောင်းတာပဲ"

ယွီဖေးကလည်း အပြုံးလေးနဲ့ : "ဟယ်လို ပထမအကို"

အနီးကပ် မြင်ရတော့မှ ကုဝေးဟာ ဆံပင်ရှည်ရှည်၊ 3Dပုံစံ မျက်နှာအချိုးအစား၊ လှပတဲ့ မျက်ခုံးမွှေးလေးတွေ၊ သွယ်လျပေမယ့် မပိန်ပါးတဲ့ ခန္ဓာကိုယ်နဲ့ စံချိန်တင် အလှလေး ဖြစ်လေတယ်။

ထိုလူ့ကို သရဲလို့ ထင်မိတာကို ပြန်တွေးမိတော့ ယွီဖေးက သူ့ရဲ့ရှက်ရွံ့မှုတွေကို ဖုံးကွယ်မထားနိုင်တော့ဘူး။ ကုဝေးက ရုတ်တရက် ယွီဖေးနား တိုးလာပြီး သူ့လက်မောင်းတွေ ကြားထဲမှာ ဖက်ထားလိုက်တော့တယ်။

နှင်းဆီနံ့လေးက သူ့နှာဖျားဝကို တိုးဝှေ့ကျီစယ် လာလေတယ်။ ယွီဖေးက သူ့ကိုဖက်ထားတဲ့ အမျိုးသားရဲ့ နူးညံ့အိထွေးတဲ့ ခန္ဓာကိုယ်လေးကြောင့် အချိန်ခဏကြာ မလှုပ်မယှက်နိုင် ဖြစ်သွားတော့တယ်။

"နောက်ဆုံးတော့ မင်းကိုတွေ့ရပြီပေါ့ တွေ့ရတာ ဝမ်းသာပါတယ် ရှောင်ဖေး"

ယွီဖေးရဲ့ မျက်နှာက ချက်ချင်းပဲ ရှက်သွေးဖြာသွားပြီး : "ကျေးဇူးတင်ပါတယ်... ကျွန်တော်ရောပါပဲ ပထမအကို"

ခဏကြာတော့ ဖက်ထားတာကို လွှတ်ပေးလိုက်ပြီး ကုဝေးက မတ်မတ်ပြန်ရပ်လိုက်တော့ ကောင်လေးက ရှက်နေတာကို တွေ့လိုက်ရတယ်။ ဒါကြောင့်သူက နှုတ်ခမ်းလှုပ်လိုက်ပြီး ကောင်လေးကိုစဖို့ ပြင်နေတုန်း သန်မာတဲ့ လက်မောင်းတစ်စုံက သူ့ခါးပေါ်မှာ ရစ်တွယ်လာပြီး သူ့ကိုဆွဲချလာတာကြောင့် ကုဝေးဟာ ရင်းနှီးနေတဲ့ ရင်ခွင်ထဲကို ပြုတ်ကျသွားတော့တယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now