Chapter 50

22.5K 3.9K 302
                                    

Zawgyi

ကျွန်တော်သဘောမတူဘူး

ယွီဖေးရဲ့ glandပေါ်ကို ထိတယ်ဆိုရုံမျှ ဖွဖွလေး နမ်းလိုက်ပြီးနောက် ကုဝေက ကောင်လေးကို စောင်နဲ့သေသေချာချာ ပတ်ထားပေးလိုက်တယ်။ ထို့နောက် ဘေးနားက tabletကို ကောက်ကိုင်ကာ ထထိုင်လိုက်ပြီး အတွင်းရေးမှူးနှစ်ယောက် ပို့ထားတဲ့ emailတွေကို ဆက်စစ်နေလိုက်တယ်။

လျော်ကြေးပေးခြင်း၊ ဝမ်းနည်းပူဆွေးကြောင်း ထုတ်ပြန်ခြင်း၊ တောင်းပန်ခြင်း၊ ဓာတ်ခွဲခန်းရဲ့ အခြေအနေ၊ ကုအုပ်စုရဲ့ သဘောထား...

လက်ရှိပြဿနာတွေရဲ့ အစီရင်ခံစာတွေကို ဖတ်ပြီးနောက်မှာတော့ ကုဝေက သူကုအုပ်စုကို ပြန်ရောက်ရင် အရှုပ်တွေကို ရှင်းဖို့အတွက် သူ့ရဲ့လက်အောက်ငယ်သားတွေကို နည်းစနစ်တကျ တာဝန်တွေကို ခွဲပေးရတော့မယ်လို့ တွေးလိုက်တယ်။

နောက်တစ်နေ့ ကုအုပ်စုရဲ့ အစည်းအဝေးခန်းတွင်

"သေသွားတဲ့သူက betaလေးတစ်ယောက်ပါပဲ"

ကုထျန်းရှန်းရဲ့ စိတ်ကြီးဝင်နေတဲ့ စကားက အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားခဲ့တယ်။ ကုအုပ်စုရဲ့ betaတွေကို အထင်သေးသလို မထီမဲ့မြင်ပြုတဲ့ သဘောထားဟာ betaတွေရဲ့ လူ့အခွင့်အရေး ကော်မတီကို လူထုရှေ့မှာ စကားပြောဖို့အတွက် ဖြစ်လာစေခဲ့တယ်။ သူတို့ပြောတာကတော့ ကုအုပ်စုဖက်က ကျေနပ်စရာကောင်းလောက်တဲ့ အဖြေပြန်မပေးနိုင်ရင် ကုအုပ်စုရဲ့ လုပ်ငန်းတွေအားလုံးကို သပိတ်မှောက်ကြမယ်ဆိုပြီး။

အကယ်၍ ဒီပြဿနာက လူထုကြားထဲ ပြန့်မသွားခဲ့ရင် အဲဒီ့အချိန်တုန်းက ကုထျန်းရှန်းဟာ စိတ်လိုက်မာန်ပါ ပြောမိတာပါလို့ မြင်ပေးလို့ ရပေမယ့် အခုတော့ လူထုကြားထဲ ပြန့်သွားပြီ ဖြစ်တာကြောင့် ကုအုပ်စုရဲ့ ထုတ်ပြန်ချက်က နောင်နှစ်အနည်းငယ်အတွင်း betaလူ့အဖွဲ့အစည်း ကြားထဲမှာ ကုအုပ်စုရဲ့ ဂုဏ်သိက္ခာကို ဆုံးဖြတ်ပေးလိမ့်မယ်။

Videoကို ပိတ်လိုက်ဖို့ အတွင်းရေးမှူးကို အမိန့်ပေးလိုက်ပြီးနောက် ဟယ်ရင်းရင်းက ပြောလိုက်တယ် : "ဒီပြဿနာအတွက် အရိုးရှင်းဆုံး ဖြေရှင်းနည်းကတော့ ရှောင်ဖေး အကြောင်းကို ထုတ်ပြောလိုက်ဖို့ပဲ"

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now