Chapter 41

24.2K 3.9K 362
                                    

Zawgyi

ကျွန်း

အချိန်ကွာခြားမှုကြောင့် သူတို့နှစ်ယောက် ကျွန်းပေါ်ကိုရောက်တော့ ဒေသစံတော်ချိန်အရ နေ့လည်ခင်းတောင်ရောက်နေပြီ။

ယွီဖေးက တစ်လမ်းလုံး အိပ်လာခဲ့တာကြောင့် အခုချိန်မှာ အရမ်းကို တက်ကြွနေတယ်။ လေယာဉ်မဆင်းခင် ကုဝေက ရုတ်တရက် သူ့အိတ်ထဲကနေ ဘူးသေးသေးလေးတစ်ဘူး ထုတ်ပေးလာတယ်။

"ဘာလေးလဲ?"
ယွီဖေးက လှမ်းယူလိုက်ပြီး ဘူးပေါ်မှာ ဘာစာမှမတွေ့တော့ ကုဝေကို မေးလိုက်တယ်။

ကုဝေ : "မင်းရဲ့အမျိုးအစားကomegaဆိုတာ တစ်ခြားသူတွေကို မသိစေချင်ဘူးမလား? ဒါကြောင့် pheromoneတွေ စိမ့်ထွက်တာကို ကာကွယ်နိုင်အောင် ဒါလေးကို မင်းရဲ့ဂုတ်ပေါ်မှာ ကပ်လိုက်"

ဒါကိုကြားတော့ ယွီဖေးရဲ့ မျက်လုံးတွေ ပင့်တက်သွားပြီး : "ဒါက တော်တော်လေး ကောင်းတာပဲ"

"အရင်ဆုံး ကိုယ်မင်းကို ကပ်ပေးမယ်"
ကုဝေက ဘူးကိုဖွင့်လိုက်ပြီး အကြည်ရောင် ဂျယ်လီလို အပိုင်းလေးတစ်ခုကို ထုတ်ယူလိုက်ကာ အခွံကို အမြန်ခွာလိုက်ပြီး ယွီဖေးရဲ့ ဂုတ်ပေါ်ကို ကပ်ပေးလာတယ်။

သူ့ရဲ့ဂုတ်တစ်နေရာက ပူလောင်နေတဲ့ အရေပြားက စတင်အေးမြလာတာကို ခံစားမိတော့ ယွီဖေး စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်တယ်။

"မိနစ်အနည်းငယ်အတွင်း pheromone စိမ့်ထွက်တာကို ကာကွယ်ဖို့ ကော်ကတဖြည်းဖြည်း ကျုံ့လာပြီး မင်းရဲ့အရေပြားပေါ်မှာ ကပ်နေလိမ့်မယ် တစ်ခြားသူတွေလည်း သေချာအနီးကပ်သာ လာမကြည့်ကြရင် မင်းတစ်ခုခု ကပ်ထားတာကို သူတို့လည်း မြင်ရမှာ မဟုတ်ဘူး"
ကုဝေက စိတ်ရှည်လက်ရှည် ရှင်းပြလာတယ်။

ယွီဖေး : "အိုး ကျွန်တော် သိပြီ"

ကုဝေ : "ဒီလိုကာကွယ်မှုမျိုးက နေ့စဉ်ပုံမှန် အချိန်တွေမှာပဲ အကျိုးသက်ရောက်နိုင်မယ် မင်းheatကာလ ရောက်နေတဲ့ အတောအတွင်း ဒါမှမဟုတ် မင်းရဲ့pheromoneတွေ ထပ်ပြီး မတည်မငြိမ် ဖြစ်လာတဲ့ အချိန်တွေ ဆိုရင်တော့ ဒါကအသုံးမဝင်တော့ဘူး"

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now