Chapter 25

23.3K 4K 196
                                    

Zawgyi

ဇာတ်ညွှန်းရေးခံရခြင်း

သူတို့ နန်းဝမ်ရှန်းကအိမ်ကို ပြန်ရောက်တော့ နေ့လည်ရောက်နေပြီ။ ကုဝေကတော့ အလုပ်ပြန်မသွားခင် အိမ်မှာနေ့လည်စာ စားသွားခဲ့တယ်။

ယွီဖေးက နေ့လည်စာစားပြီးတာနဲ့ ဒုတိယထပ်ကိုတက်ပြီး အိပ်ခန်းထဲမှာ ကုဝေ ညနေခင်း အိမ်ပြန်ရောက်တဲ့ အချိန်ထိ အကြာကြီး အိပ်နေလိုက်တယ်။

"မင်းတစ်နေ့လည်လုံး အိပ်နေတာ နေမကောင်း မဖြစ်ဘူးလား?"

ညစာစားပွဲမှာ ယွီဖေးရဲ့ အိပ်ချင်မူးတူး ရုပ်လေးကိုမြင်တော့ ကုဝေက မျက်မှောင်ကြုပ်ပြီး မေးလိုက်တယ်။

"ကျွန်တော် အိမ်ပြန်ရောက်ကတည်းက ဖျားချင်နေတာ အခုတော့ သက်သာသွားပြီ"
ယွီဖေးက ပြောလိုက်တယ်။

"အချိန်အားအောင်လုပ်ပြီး ဆေးရုံမှာ တစ်ကိုယ်လုံးကို သွားစစ်ဆေးလိုက်ဦး"
ကုဝေက ယွီဖေးရဲ့ ထမင်းပန်းကန်လုံးထဲကို ဟင်းတစ်ချို့ ထည့်ပေးရင်း ပြောလိုက်တယ်။

ယွီဖေးက ခဏတာ အံ့အားသင့်သွားပြီး ခေါင်းညိမ့်ကာ : "ကျွန်တော် သွားလိုက်ပါ့မယ်"

ကုဝေ : "စုံစမ်းစစ်ဆေးတဲ့ ရလဒ်က နေ့လည်က ထွက်လာပြီ မင်းကစာမေးပွဲမှာ ခိုးမချခဲ့ဘူး ဒါပေမယ့် အခုလိုအချိန်မှာ ကျောင်းကိုပြန်မသွားသေးဖို့ ကိုယ်မင်းကို အကြံပေးချင်တယ်"

ယွီဖေး : "ကျွန်တော့် ရိုးသားမှုကို ကျောင်းကသက်သေပြပြီးပြီ ဆိုမှတော့ ကျွန်တော်ဘာလို့ မနက်ဖြန် ကျောင်းပြန်မသွားရမှာလဲ?"

"မင်းကို တိုင်ခဲ့တဲ့သူက ကျောင်းအုပ်ကြီးရဲ့သားပဲ မင်းရဲ့ကျောင်းအုပ်ကြီးက ဒီနေ့တစ်နေ့လည်လုံး ကိုယ့်ရုံးခန်း အပြင်မှာ လာစောင့်နေတာ ကိုယ်က အစည်းအဝေး လုပ်နေလို့ သူနဲ့တွေ့ဖို့ အချိန်မရှိဘူး မင်းမနက်ဖြန် ကျောင်းပြန်သွားချင်တာ သေချာရဲ့လား?"

ဒီအခြေအနေအရဆို သူကျောင်းပြန်ရောက်တာနဲ့ ကျောင်းအုပ်ကြီးက သေချာပေါက် သူ့အဆောင် တံခါးကို ချက်ချင်းလာခေါက်တော့မှာပဲ။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now