Chapter 39

23.8K 4.2K 684
                                    

Zawgyi

စားပွဲပေါ်ထိုင်လိုက်

ရှည်လျားတဲ့ ၁၀မိနစ် pheromoneထိန်းပေးမှုကြောင့် ညရောက်တော့ ယွီဖေးဟာ ဘာအိမ်မက်မှမမက်ဘဲ ကောင်းကောင်းမွန်မွန် အိပ်ပျော်သွားခဲ့တယ်။

နောက်တစ်နေ့သူ အောက်ထပ်ကိုဆင်းပြီး ထမင်းစားခန်းထဲကို ဝင်လိုက်တော့ စားပွဲမှာ ထိုင်နေတဲ့ ကုဝေကို တွေ့လိုက်ရတယ်။

"Morning"
ယွီဖေးက သူ့ကိုနှုတ်ဆက်လိုက်တယ်။

ကုဝေက ခေါင်းညိတ်လိုက်ပြီး : "နောက်တောင်ကျနေပြီ"

ယွီဖေး အချိန်ကို ကြည့်လိုက်တော့ ၈နာရီခွဲနေပြီ အိုခေ!

ထမင်းစားပွဲမှာ ဝင်ထိုင်လိုက်ပြီး ယွီဖေး ပန်းကန်လုံးနဲ့တူကို လှမ်းမယူရသေးခင်မှာ ကုဝေက ရုတ်တရက် သူ့ဆီကို ဆန်ပြုတ်တစ်ပန်းကန် လှမ်းပေးလာတယ်။

"ကျေးဇူး"
ယွီဖေးက အရမ်းအံ့ဩသွားခဲ့ပြီး ကုဝေပေးတဲ့ ပန်းကန်လုံးကို လှမ်းယူလိုက်တယ်။

ဆန်ပြုတ်ပန်းကန်ကို ယွီဖေးရှေ့ ချပေးပြီးတာနဲ့ ပုံမှန်အတိုင်းပဲ မေးလိုက်တယ် : "မင်းတစ်ခုခုများ မေ့နေသလား?"

ယွီဖေး : "ဟမ်?"
သူဘာမေ့နေလို့လဲ?

ကုဝေက လက်ဆန့်ထုတ်လိုက်ပြီး ကောင်လေးရဲ့ မျက်စိရှေ့မှာ လက်ဖဝါးဖြန့်လိုက်တယ်။

ယွီဖေးက ပဟေဋ္ဌိ ဖြစ်သွားပြီး : "ဘာကြီးကို?"

ကုဝေက ယွီဖေးကို ကြည့်လိုက်တယ်။ သူဒီလောက် စောင်းပါးရိပ်ခြေ ပြောနေတာတောင် ကောင်လေးက နားမလည်သေးဘူးလို့ မထင်ထားခဲ့ဘူး။

"လက်ဆောင်"
စကားလုံးနှစ်လုံးက သွားကြားထဲက လေသံနဲ့ ထွက်ကျလာတယ်။
(ကုဝေက အစောကြီးကတည်းက လက်ဆောင်တောင်းထားတဲ့ အပိုင်းကို မှတ်မိကြမှာပါနော်)

ယွီဖေးက မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပြီး လုပ်ချောင်းကြီးဟန့်ကာ : "ကျွန်တော် မနေ့က ပြင်ဆင်ပေးခဲ့ပြီးပြီလေ"
ပူပေါင်းတွေလည်း ဆင်ပေးတယ်၊ ကိတ်မုန့်လည်း ပြင်ပေးထားတယ်၊ ပြီးတော့ ဖယောင်းတိုင်လည်း အတူတူ မှုတ်ပေးခဲ့သေးတာပဲကို။ အဲ့တာတွေက... လက်ဆောင်မဟုတ်ဘူးလား?

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now