Chapter 62

23.1K 3.7K 303
                                    

Zawgyi

ကျောင်းပြန်သွားခြင်း

ယာယီအမှတ်အသားဟာ heatကာလအတွင်း pheromoneတွေ မရပ်မနား စိမ့်ထွက်မှုကို လျော့ပါးစေတယ်။ ပါတနာ သတ်သတ်မှတ်မှတ်ရှိထားတဲ့ omegaတွေအတွက် heatကာလ အစောပိုင်းမှာ alphaရဲ့ နှစ်သိမ့်မှုက omegaရဲ့ ခန္ဓာကိုယ်ကို heatကာလအတွက် ပိုပြီးလုံလုံလောက်လောက် ပြင်ဆင်နိုင်စေတယ်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာကနေ နိုးထလာတော့ ယွီဖေးဟာ ခဏလောက် သူဘယ်ရောက်နေလဲဆိုတာ မမှတ်မိဘူး ဖြစ်သွားတယ်။

သူ့အနောက်က alphaက သန်မာတဲ့ လက်မောင်းတွေကြား ပိုတင်းကြပ်စွာ ပွေ့ဖက်လာမှသာ သူ့ဦးနှောက်ဟာ ဖြည်းဖြည်းချင်း အလုပ်လုပ်လာပြီး လက်ရှိအခြေအနေကို ပြန်မှတ်မိလာတယ်။

"အိပ်ချင်နေတုန်းလား? ဗိုက်ဆာပြီလား?"

ကုဝေက ယွီဖေးရဲ့ လည်တိုင်လေးကို ကြင်နာစွာ ပွတ်သပ်ပေးနေရင်း အခုမှ နိုးလာတာကြောင့် အက်ရှရှ အသံနိမ့်နိမ့်လေးနဲ့ မေးလာတယ်။

ယွီဖေးက တစ်ဖက်လှည့်လိုက်ပြီး ကုဝေရဲ့ လက်မောင်းတွေကြားထဲ ပိုတိုးဝင်လိုက်ကာ သူ့လက်ချောင်းလေးနဲ့ ကုဝေရဲ့ ညှပ်ရိုးလေးကို ထိလိုက်ပြီး မနေ့ညက သူကိုက်ထားတဲ့ သွားရာလေးကို ပွတ်သပ်လိုက်တယ် : "ကျွန်တော် ဗိုက်ဆာနေပြီ"

အဆိုးလေးရဲ့ လက်ချောင်းတွေကို ဖမ်းလိုက်ကာ လက်ချောင်းလေးတွေကို သူ့နှုတ်ခမ်းနဲ့ ညင်သာစွာ ထိကပ်နမ်းလိုက်ပြီး ကုဝေက ပြောလိုက်တယ် : "မနက်စာကို အောက်ထပ်မှာ စားချင်လား ဒီမှာပဲ စားချင်လား?"

ကုဝေရဲ့ အနမ်းက သူ့လက်ချောင်းတွေကို ယားကျိကျိဖြစ်စေပြီး ယွီဖေးကိုယ်တိုင်ကလည်း နည်းနည်းပျင်းနေတာကြောင့် : "ဒီမှာပဲစားမယ်"

"ဒါဆိုရင် ကိုယ့်ကိုစောင့်နေ ကိုယ်အရင်ဆုံး သန့်ရှင်းရေး သွားလုပ်လိုက်ဦးမယ်"

ဒီလိုပြောပြီးတာနဲ့ ကုဝေက ထထိုင်လိုက်ပြီး အောက်ထပ်ဆင်းကာ မနက်စာသွားလုပ်ဖို့ ပြင်လိုက်တယ်။

ဒါပေမယ့် သူသွားဖို့ ပြင်နေတုန်းမှာပဲ ယွီဖေးကသူ့ကို အနောက်ကနေ သိုင်းဖက်လာလေတယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now