Extra One

19.4K 2.3K 281
                                    

Zawgyi

Wedding

(ကမ်းခြေမှာ တိတ်တိတ်လေး မောင်းနေတဲ့ကားကို တို့နဲ့အတူတူ လိုက်ဖမ်းကြပါမယ်)

သူ့ရဲ့Alphaကုဝေမှာ အံ့အားသင့်လောက်စရာ ဘွဲ့တွေတသီတတန်းကြီး ရှိနေတာကြောင့် ယွီဖေးက သူ့ကိုမရှုံးချင်ဘူး။ သူကျောင်းမှာရှိစဉ်ကလည်း စာအရမ်းကြိုးစားခဲ့ပြီး ကြီးမားတဲ့ စွမ်းဆောင်ရည်နဲ့ အံ့ဩလောက်စရာ graduation thesisတွေကြောင့် နောက်ဆုံးတော့ သူအလိုရှိတာကို ရရှိခဲ့ကာ ဘွဲ့ယူတဲ့အခါမှာလည်း ကျောင်းရဲ့အထူးချွန်ဆုံး ဘွဲ့ရကျောင်းသားအဖြစ် အဆင့်ဝင်ခဲ့လေတယ်။

ဘွဲ့ယူတဲ့အခမ်းအနားမှာ ကုဝေဟာလည်း စင်ပေါ်မှာ ဘွဲ့ရကျောင်းသားတွေအတွက် ဂုဏ်ပြုစကား ပြောကြားပေးဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။

ယခင်နှစ်တွေတုန်းကတော့ ဒီလိုဖိတ်ကြားမှုမျိုးဟာ သာမန်ကာလျှံကာသာဖြစ်တယ်။ အကြောင်းအရင်းကတော့ ဒီလိုမျိုး စီးပွားရေး လုပ်ငန်းရှင်တွေဟာ အလွန်အလုပ်များကြပြီး ဒီလိုပွဲမျိုးတွေ တက်ရောက်လေ့မရှိတာကို ကျောင်းကလည်း သိပြီးသားဖြစ်လို့။

ဒီနှစ်မှာတော့ ကုဝေက တက်ရောက်ပေးဖို့ သဘောတူခဲ့တာကြောင့် လူအများအပြားဟာ အံ့အားသင့်သွားကြပြီး လူအနည်းစုကသာ အကြောင်းအရင်းကို နားလည်ခဲ့ကြတယ်။

ဘာကြောင့်လဲဆိုတော့  Mr.ကုရဲ့ omegaလေးက ဒီနှစ်မှာ ဘွဲ့ယူရမှာ ဖြစ်လို့ပဲ။

ယွီဖေးဟာ လူအများနဲ့အတူ ခန်းမကြီးထဲမှာ ထိုင်နေပြီး ကုဝေကို စူးစိုက်စွာ ကြည့်နေခဲ့တယ်။ အစမှာတော့ သူ့အခန်းဖော်ဟာ လူအများကြားမှာ အကြည့်တွေကိုထိန်းဖို့ ခဏခဏသူ့ကိုလက်တို့ပြီး သတိပေးနေခဲ့ပေမယ့် ယွီဖေးရဲ့ အာရုံအလုံးစုံက ကုဝေဆီမှာပဲ သက်ရောက်နေတာကို သူသိသွားတော့ လက်လျှော့လိုက်ရတော့တယ်။

လူငယ်စုံတွဲတွေရဲ့ အချစ်စမ်းမှုတွေကို တစ်ကိုယ်တည်းသမားတွေက နားလည်နိုင်မှာ မဟုတ်ဘူး။

နှစ်ယောက်သား အတူရှိခဲ့ကြတာ နှစ်နှစ်ကျော်ပြီ ဖြစ်တဲ့အတွက် လတ်ဆတ်သစ်လွင်နေတဲ့ ချစ်ခြင်းတရားတွေက ပျောက်ကွယ်သွားသင့်တာ ကြာပြီဖြစ်ပေမယ့် ချစ်ကြည်နူး တစ်တီတူး အဆင့်ကိုရောက်နေတဲ့ ဒီစုံတွဲကတော့ တခြားသူတွေရဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ချစ်ခြင်းတရားတွေထက် ပိုပြီးကဲသဲနေပုံပေါ်တယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now